တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
ဒေသနာကျမ်း။ 5:2 - Common Language Bible သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရား သခင့်ရှေ့တော်၌ စကားပြောခြင်းငှါ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကားမများစေနှင့်။ Garrad Bible ဘု ရား သ ခင် ရှေ့ တော် တွင်၊ မြန် သော နှုတ် ဖြင့် ဆို ခြင်း၊ လျင် သော စိတ်၌ မြွက် ခြင်း များ ကို မ ပြု နှင့်။ ဘု ရား သ ခင် ကား၊ ကောင်း ကင် ဘုံ၌ ရှိ တော် မူ သည်။ သင် ကား၊ မြေ ပေါ် တွင် ရှိ သည် ကို ထောက်၍ စ ကား မ များ ရာ။ Judson Bible သင်၏နှုတ်သည် သတိမလစ်စေနှင့်။ ဘုရားသခင့်ရှေ့တော်၌ စကားပြောခြင်းငှာ၊ သင်၏စိတ်နှလုံး မလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူ၏။ သင်သည် မြေကြီးပေါ်မှာရှိ၏။ ထိုကြောင့် သင်၏စကား မများစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏ရှေ့တော်၌နှုတ်မြွက်ရန် သင်၏နှုတ်ကိုမလောစေနှင့်။ သင်၏စိတ်ကိုလည်း မမြန်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူပြီး သင်သည် မြေကြီးပေါ်၌ရှိ၏။ ထို့ကြောင့် သင်၏စကားကို နည်းစေလော့။ |
တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။-
ထိုနောက်ယာကုပ်ကထာဝရဘုရားအား ``ကိုယ်တော်ရှင်သည်အကျွန်ုပ်နှင့်အတူရှိ၍ အကျွန်ုပ်သွားရမည့်ခရီး၌စောင့်ရှောက်လျက် အစားအစာနှင့်အဝတ်ကိုပေးသနားတော် မူပြီးလျှင်၊-
အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
ငါတို့ဘုရားသည်ကောင်းကင်ဘုံတွင်ရှိတော်မူ၍ အလိုတော်အရခပ်သိမ်းသောအမှုတို့ကို ပြုတော်မူ၏။
ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။
အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့ သို့၊ စကားများသောအားဖြင့် မိုက်သော သူ၏အသံကို ကြားရ၏။
အိမ်မက်များရာ၌၎င်း၊ စကားများရာ၌၎င်း၊ အချည်းနှီးသောအကြောင်း အရာပါတတ်၏။ သင်မူကား ဘုရားသခင်ကို ကြောက်ရွံ့လော့။
မိုးကောင်းကင်သည်ကမ္ဘာမြေကြီးထက် မြင့်မားသကဲ့သို့၊ ငါ၏အကြံအစည်တော်များသည်သင်တို့၏ အကြံအစည်များထက်မြင့်မားသတည်း။
တစ်စုံတစ်ယောက်သောသူသည် မည်သည့်ကိစ္စ မျိုး၌မဆိုအကျိုးအပြစ်ကိုမဆင်ခြင်ဘဲ ကျိန်ဆိုမိလျှင် ယင်းသို့ကျိန်ဆိုမိကြောင်း သိလျှင်သိချင်းသူသည်အပြစ်ကူးလွန် ရာရောက်သည်။
``သင်တို့သည်ဆုတောင်းပတ္ထနာပြုသောအခါ ဘုရားသခင်ကိုမကိုးကွယ်သူတို့နည်းတူ အနက်အဋ္ဌိပ္ပါယ်မရှိသောစကားများကို မသုံးကြနှင့်။ ထိုသူတို့သည်ရှည်လျားစွာ ဆုတောင်းပတ္ထနာပြုလျှင် တောင်းသောဆုရ လိမ့်မည်ဟုထင်မှတ်ကြ၏။-
သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
ငါ၏နိုင်ငံတစ်ဝက်တိုင်အောင်သင်တောင်းသမျှ ကိုငါပေးမည်'' ဟုကျိန်ဆို၍ပြော၏။
ငါတို့အပေါင်းသည်မကြာခဏမှားတတ် ကြ၏။ အဘယ်အခါ၌မျှအပြောအဆို မမှားသောသူသည်ပြည့်ဝစုံလင်သောသူ ဖြစ်၏။ ထိုသို့သောသူသည် မိမိကိုယ်တစ် ကိုယ်လုံးကိုထိန်းချုပ်နိုင်သူဖြစ်ပေသည်။-
သူသည်ထာဝရဘုရားအားဤသို့သစ္စာ ကတိပြု၏။ ``အကယ်၍ကိုယ်တော်သည် အကျွန်ုပ်ကိုအမ္မုန်အမျိုးသားတို့အပေါ် ၌အောင်ပွဲခံစေတော်မူမည်ဆိုပါက၊-