ကမ္ဘာဦး 18:32 - Common Language Bible32 နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible32 အ ရှင် ဘု ရား၊ စိတ် ရှိ တော် မ မူ ပါ နှင့်။ ယ ခု တစ် ကြိမ် သာ အ ကျွန်ုပ် လျှောက် ပါ ရ စေ ဦး။ ထို မြို့ တွင် အ ကယ် ၍ တစ် ဆယ် ကို တွေ့ တော် မူ အံ့ ဟု လျှောက် ဆို ပြန် သော် တစ် ဆယ့် အ တွက် ငါ ဖျက် ဆီး မည် မ ဟုတ် ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible32 အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည်တစ်ကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ နောက်တစ်ကြိမ်သာ အကျွန်ုပ်လျှောက်ထားပါရစေ။ ထိုအရပ်တွင် ဆယ်ယောက် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုဆယ်ယောက်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အကျွန်ုပ် အတင့်ရဲ၍ ဆက်လက်လျှောက်ဆိုခြင်းကိုခွင့် လွှတ်တော်မူပါ။ အပြစ်မဲ့သူနှစ်ဆယ်မျှသာ ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟု မေးလျှောက်ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူနှစ်ဆယ်ရှိလျှင် မြို့ ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
ထိုနောက်သူသည်ထာဝရဘုရားအား``အကျွန်ုပ် ကိုအမျက်ထွက်တော်မမူပါနှင့်။ ယခုတစ် ကြိမ်သာလျှင်ထပ်မံလျှောက်ထားခွင့်ပြုတော် မူပါ။ သိုးမွေးနှင့်နောက်တစ်ကြိမ်ထပ်မံစမ်း သပ်ခွင့်ပြုတော်မူပါ။ ဤတစ်ကြိမ်၌သိုး မွေးသည်ခြောက်သွေ့လျက် မြေကြီးသည် နှင်းစိုလျက်နေစေတော်မူပါ'' ဟုလျှောက် ၏။-