ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
ဥ ယျာဉ်၊ ခြံ များ ကို ပြု ပြင်၍၊ အ သီး အ ပင် အ မျိုး မျိုး ကို စိုက် ပျိုး ခြင်း။
ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကိုသီးသောအပင်တို့ကိုလည်း စိုက်၏။
ဥယျာဉ်များနှင့် သစ်သီးခြံများကိုလည်း ငါလုပ်၍ ထိုနေရာများတွင် သီးစားပင်အမျိုးမျိုးကို ငါစိုက်ပျိုး၏။
ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ် သော သလဲတော၊ နာဒုပင်နှင့် ရောသောဟင်္နာတော၊
နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုးပါကြ၏။
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါသည်လည်း သခင်ကို ဆိုင်ပေး၏။ နှင်းတော်၌ ကျက်စားတော်မူ၏။
ဤအဖြစ်အပျက်ကိုယုဒဘုရင်ဇေဒကိ နှင့် စစ်သူရဲကောင်းတို့မြင်လေလျှင်ညဥ့်အခါ မြို့ထဲမှထွက်ပြေးရန်ကြိုးစားကြ၏။ သူ တို့သည်ဥယျာဉ်တော်လမ်းဖြင့်မြို့ရိုးနှစ်ခု ကြားရှိတံခါးမှထွက်၍ ယော်ဒန်ချိုင့်ဝှမ်း သို့ရှေ့ရှုထွက်ပြေးကြလေသည်။-