ယေရမိ 39:4 - Common Language Bible4 ဤအဖြစ်အပျက်ကိုယုဒဘုရင်ဇေဒကိ နှင့် စစ်သူရဲကောင်းတို့မြင်လေလျှင်ညဥ့်အခါ မြို့ထဲမှထွက်ပြေးရန်ကြိုးစားကြ၏။ သူ တို့သည်ဥယျာဉ်တော်လမ်းဖြင့်မြို့ရိုးနှစ်ခု ကြားရှိတံခါးမှထွက်၍ ယော်ဒန်ချိုင့်ဝှမ်း သို့ရှေ့ရှုထွက်ပြေးကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နှင့် တ ကွ စစ် သား အ ပေါင်း တို့ သည် ထို သူ တို့ ကို မြင် လျှင်၊ ညဉ့် အ ခါ ဥ ယျာဉ် တော် လမ်း၊ မြို့ ရိုး နှစ် ထပ် ကြား မ လွယ် တံ ခါး ဖြင့်၊ မြို့ တွင်း မှ ထွက် ၍ အ ရာ ဗာ ချိုင့် လမ်း သို့ ပြေး သွား ကြ ရာ အခန်းကိုကြည့်ပါ။Judson Bible4 ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်းတို့သည် ထိုလူများကိုမြင်လျှင်၊ ညအခါပြေး၍ ဥယျာဉ်တော်လမ်းကိုလိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့်ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ထိုသူတို့ကိုမြင်သောအခါ ညအချိန်တွင်ပင် ဘုရင့်ဥယျာဉ်တော်လမ်းအတိုင်းပြေး၍ မြို့ရိုးနှစ်ခုကြားရှိတံခါးမှ မြို့ပြင်သို့ထွက်ပြီး အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။ အခန်းကိုကြည့်ပါ။ |
မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။-
ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။