ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါး ရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကိုကြားသော အခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မ အပေါင်းတို့ သည် အသံသေးကြလိမ့်မည်။
ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါးရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကို ကြားသောအခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မအပေါင်းတို့သည် အသံသေးကြလိမ့်မည်။
လမ်း၌ရှိသောတံခါးရွက်တို့သည် ပိတ်ထားခြင်းခံရလျက် ကြိတ်ဆုံကြိတ်သံသည် တိုးသွားလျက်၊ လူသည် ငှက်သံကြောင့်ထလျက်၊ သီချင်းဆိုသောသမီးပျိုအပေါင်းတို့သည် အားပျော့သွားလျက်ရှိကြလိမ့်မည်။
အကျွန်ုပ်သည်အသက်ရှစ်ဆယ်ရှိပါပြီ။ အဘယ်အမှုတွင်မျှပျော်မွေ့နှစ်သက် ခြင်းမရှိတော့ပါ။ စားသောက်သည့်အစား အစာ၏အရသာကိုလည်းမသိနိုင်တော့ ပါ။ သီချင်းသံကိုလည်းမကြားနိုင်ပါ။ အ ကျွန်ုပ်သည်အရှင်မင်းကြီးအတွက်ဝန်လေး မည်သာဖြစ်ပါ၏။-
သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
သင်သည်ကျိတ်ဆုံကျောက်ကိုလှည့်၍ ဂျုံမှုန့်ကိုကျိတ်ပါလော့။ သင်၏မျက်နှာဖုံးပဝါကိုဖယ်ရှား၍လှပသော အဝတ်တို့ကိုချွတ်လော့။ ချောင်းကိုဖြတ်ကျော်ရန်သင်၏အင်္ကျီရှည်ကိုမလော့။
ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် ကြသည့်အသံများနှင့် မင်္ဂလာဆောင်ပွဲအသံ များကိုလည်းကောင်း၊ ကျိတ်ဆုံကျောက်လှည့် သည့်အသံများကိုလည်းကောင်းဆိတ်သုဉ်း စေမည်။ ထို့ပြင်မီးခွက်များကိုလည်းငါ ငြိမ်းသတ်မည်။-
သင်၏ထံတွင်စောင်းသံ၊ သီချင်းသံ၊ ပလွေသံ၊ တံပိုး ခရာသံတို့ကိုနောက်တစ်ဖန်ကြားရတော့မည် မဟုတ်။ အဘယ်အလုပ်သမားမျှသင့်ထံတွင် တွေ့ရတော့မည်မဟုတ်။ ကြိတ်ဆုံသံကိုလည်း ကြားရတော့မည်မဟုတ်။-