Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 12:3 - Common Language Bible

3 ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သော သူတို့သည် အားလျော့ကြလိမ့်မည်။ ဆန် ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့် မည်။ ပြတင်းပေါက်ဖြင့် ကြည့်သော သူတို့သည် အလင်း ကွယ်ကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 ထို ကာ လ။ အိမ် စောင့် သူ တို့ တုန် လှုပ် ခြင်း၊ အ စွမ်း ကောင်း သူ တို့ ခါး ကိုင်း ခြင်း ဖြစ် ရ လျက်။ ထောင်း ဖွတ် သူ မ နည်း လှ သည် နှင့် ရပ် စဲ လျက်။ လေ သာ ပြ တင်း မှ စီး ကြည့် တတ် သော မိန်း မ တို့ လည်း မျက် စိ မှုံ သည့် ပြင်။ မောင်း ထောင်း သံ စဲ လျှင်၊ လမ်း တံ ခါး ပိတ်၏။ ငှက် သံ ကြား လျှင် နိုး ထ လျက်။ သီ ချင်း သည် သ တို့ သ မီး အ ပေါင်း တို့ ရှုတ် ချ ရာ ရောက် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထို​ကာ​လ၌ အိမ်​စောင့်​တို့​သည် တုန်​လှုပ်၍၊ ခိုင်​ခံ့​သော​သူ​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ဆန်​ကြိတ်​သော​သူ​တို့​သည် နည်း​သော​ကြောင့် ရပ်​ကြ​လိမ့်​မည်။ ပြတင်း​ပေါက်​ဖြင့် ကြည့်​သော​သူ​တို့​သည် အ​လင်း​ကွယ်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ထို​နေ့ရက်​၌ အိမ်​ကို​စောင့်​သော​သူ​တို့​သည် တုန်လှုပ်​လျက်​၊ ခွန်အား​ရှိ​သော​သူ​တို့​သည် ညွတ်ကိုင်း​လျက်​၊ ကြိတ်ဆုံကြိတ်​သော​သူ​တို့​သည် နည်းပါး​သဖြင့် ရပ်သွား​လျက်​၊ ပြတင်းပေါက်​များ​မှ​ကြည့်​သော​သူ​တို့​သည် အမြင်မှုန်ဝါး​လျက်​ရှိ​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 12:3
9 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​သည်​အို​မင်း​လာ​၍​မျက်​စိ​မ​မြင်​တော့ ချေ။ သူ​သည်​သား​အ​ကြီး​ဧ​သော​ကို``သား'' ဟု​ခေါ်​လျှင်​ဧ​သော​က၊ ``ရှိ​ပါ​သည်​အ​ဖ'' ဟု​ပြန်​ဖြေ​၏။


ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-


ငါ​ငယ်​စဉ်​အ​ခါ​က​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​အင်​ချိ​နဲ့​စေ​တော်​မူ​၍​ငါ​၏​အ​သက် ကို တို​စေ​တော်​မူ​ပါပြီ။


ငါ​သည်​မိတ်​ဆွေ​သို့​မ​ဟုတ်​ညီ​အစ်​ကို​၏​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​သ​ကဲ့​သို့ စိတ်​အား​ထက်​သန်​စွာ​သူ​တို့​အ​တွက် ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။ ငါ​၏​မိ​ခင်​အ​တွက်​ပူ​ဆွေး​သ​ကဲ့​သို့၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။


ကျွန်​တော်​မျိုး​သည်​မ​ချိ​မ​ဆန့်​ဝေ​ဒ​နာ​ခံ​၍ နေ​ရ​ပါ​၏။ တစ်​နေ့​လုံး​ပင်​ပူ​ဆွေး​ငို​ယို​လျက်​နေ​ရ​ပါ​၏။


``တောင်​ဝှေး​ကို​စွဲ​ကိုင်​၍​သွား​ရကြ​သည်​တိုင် အောင် အို​မင်း​သူ​အ​မျိုး​သား​အ​မျိုး​သ​မီး ကြီး​တို့​သည် ယေ​ရု​ရှ​လင်​လမ်း​များ​တွင် ထိုင်​လျက်​နေ​ကြ​လိမ့်​မည်။-


တစ်​ည​သ​၌​မျက်​စိ​အ​လင်း​ကွယ်​လု​နီး​ပါး ရှိ​သော​ဧ​လိ​သည် မိ​မိ​၏​အ​ခန်း​တွင်​အိပ်​စက် လျက်​နေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ