ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
ထွက်မြောက် 9:24 - Common Language Bible ထိုမုန်တိုင်းသည် အလွန်ဆိုးရွားသောမုန် တိုင်းဖြစ်သဖြင့် အီဂျစ်ပြည်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမကြုံဘူးသော အဆိုးရွားဆုံးမုန်တိုင်းဖြစ်၏။- Garrad Bible အိ ဂျစ် လူ မျိုး ဖြစ် ထွန်း စ ကာ လ မှ ထို ပြည် တစ် ဝှမ်း လုံး တွင် မ ကျ စ ဘူး၊ အ လွန် သည်း စွာ သော မိုး သီး လောင် မီး ရော လျက် ကျ လေ ၏။ Judson Bible အဲဂုတ္တုပြည်တည်ထောင်သည်ကာလမှစ၍ တစ်ခါမျှမဖြစ်ဖူး သော မိုးသီး၊ မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသော မိုးသီးဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တစ်ပြည်လုံး၌ မိုးသီးသည်းထန်စွာရွာကျ၍ မိုးသီးကြားမှမီးလျှံများထွက်နေသည့်အဖြစ်မျိုး အီဂျစ်ပြည်တည်ချိန်မှစ၍ တစ်ခါမျှ မဖြစ်ဖူးချေ။ |
ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
ကိုယ်တော်သည်ကောင်းကင်မှမိုးချုန်းတော်မူ၏။ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်ထွက်ပေါ်လာ၏။
သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။
နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။-
မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
အီဂျစ်ပြည်တစ်လျှောက်လုံးတွင်အကာ အကွယ်မရှိသော လူနှင့်တိရစ္ဆာန်အပေါင်း တို့သည်မိုးသီးဒဏ်ကြောင့်သေကျေကြ ကုန်၏။ လယ်ကွင်းထဲ၌ရှိသောသီးနှံများ နှင့်သစ်ပင်အားလုံးတို့သည်လည်းပျက်စီး ကုန်၏။-
ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။-
ငါသည်မော်၍ကြည့်လိုက်သောအခါမြောက်အရပ်မှ လေမုန်တိုင်းတစ်ခုလာနေသည်ကိုမြင်ရ၏။ မိုးတိမ်တိုက်ကြီးတစ်ခုမှလျှပ်ပန်းလျှပ်နွယ်များထွက်လျက် ထိုမိုးတိမ်၏ပတ်လည်ရှိကောင်းကင်ပြင်သည်ဝင်းဝါတောက်ပလျက်နေ၏။ လျှပ်ပန်းလျှပ်နွယ်ထွက်ရာတွင်ကြေးဝါနှင့်တူသောအရာတစ်ခုသည်အရောင်လက်၍နေ၏။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။-
ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။-