သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
ထွက်မြောက် 9:17 - Common Language Bible သို့သော်လည်းသင်သည်မောက်မာမြဲမောက်မာ လျက် ငါ၏လူမျိုးတော်ကိုသွားခွင့်မပြုဘဲ နေသေး၏။- Garrad Bible သင် သည် ငါ့ လူ မျိုး ကို မ လွှတ် ဘဲ သူ တို့ အ ပေါ် တွင် မောက် မာ သေး သ လော။ Judson Bible သင်သည်ငါ၏လူတို့ကိုမလွှတ်ဘဲ၊ သူတို့ကိုစော်ကားသေးသလော။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါ၏လူမျိုးတော်ကိုမလွှတ်ဘဲ သူတို့အပေါ် ထောင်လွှားစော်ကားလျက်ရှိသေး၏။ |
သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။
ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။-
သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
ရန်သူများသည်မိမိတို့အား၊ ကိုယ်တော်ရှင်အပြစ်ဒဏ်ခတ်တော်မူမည် ကိုမသိကြပါ။ အို ထာဝရဘုရားသူတို့အားအရှက်ကွဲ စေတော်မူပါ။ ဒုက္ခရောက်စေတော်မူပါ။ ကိုယ်တော်ရှင်ပြင်ဆင်ထား တော်မူသည့်အပြစ်ဒဏ်ကိုခံစေတော်မူပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော်အား အဘယ်မျှချစ်တော်မူကြောင်း သူတို့အားပြတော်မူပါ၏။
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ ရွှံ့စေးကအိုးထိန်းသည်အား အဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။ မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။
``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သင်သည်မိမိကိုယ်ကို ဘုရားကဲ့သို့ပညာရှိသည်ဟုထင်မှတ် သဖြင့်၊-
သို့ရာတွင်သူသည်မာန်မာနထောင်လွှား ကာခေါင်းမာလျက် ရက်စက်စွာပြုကျင့်၍ လာသောအခါဘုန်းတန်ခိုးကွယ်ပျောက် ၍နန်းမှကျရလေပြီ။-
ထိုအခါမင်းကြီးသည်ဘုရားသခင်၏ ဂုဏ်တော်ကိုမထောက်သည့်အတွက် ချက်ချင်း ပင်ထာဝရဘုရား၏ကောင်းကင်တမန်သည် သူ့ကိုဒဏ်ခတ်သဖြင့် သန်ထိုး၍ကွယ်လွန် တော်မူလေသည်။
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။