ထွက်မြောက် 6:9 - Common Language Bible မောရှေသည်ထိုအမိန့်တော်ကိုဣသရေလ အမျိုးသားတို့အားပြန်ကြားသော်လည်း သူ တို့သည်ကျွန်ခံရသောဒဏ်ကြောင့်အလွန်ပင် ပန်းနေကြသဖြင့်နားထောင်လက်ခံနိုင်စွမ်း မရှိကြချေ။ Garrad Bible ဣ သ ရေ အ မျိုး သား တို့ အား မော ရှေ ဆင့် ဆို သော် လည်း စိတ် နာ သော ကြောင့် လည်း ကောင်း၊ အ ကြပ် အ တည်း ကျွန် ခံ ရ သော ကြောင့် လည်း ကောင်း၊ မော ရှေ စ ကား ကို နား မ ထောင် ဘဲ နေ ကြ ၏။ Judson Bible ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် အစ္စရေးအမျိုးသားတို့အား ထိုအတိုင်းဆင့်ဆိုသော်လည်း သူတို့သည် စိတ်နာကြည်းသောကြောင့်လည်းကောင်း၊ ကြမ်းတမ်းစွာကျွန်ပြုခံရသောကြောင့်လည်းကောင်း မောရှေ၏စကားကို နားမထောင်ကြပေ။ |
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
အကျွန်ုပ်တို့သည်ထွက်မလာမီက ဤကဲ့ သို့ဖြစ်မည်ဟုပြောခဲ့သည်မဟုတ်ပါလော။ အကျွန်ုပ်တို့က`အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံမြဲကျွန်ခံနေပါရစေ' ဟုပြောပါ သည်။ ဤတောကန္တာရထဲ၌သေရသည်ထက် ကျွန်ခံနေရခြင်းကသာ၍ကောင်းပါသည်'' ဟုပြောလေ၏။
ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။-
``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။
လူဆိုးတို့သည် သူတော်ကောင်းရှေ့၌၎င်း၊ မတရားသောသူတို့သည် ဖြောင့်မတ်သောသူ၏ အိမ် တံခါးဝ၌၎င်း ဦးချတတ်ကြ၏။
လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။
ထိုနောက်ဣသရေလအမျိုးသားတို့သည် ဟောရ တောင်မှထွက်ခွာ၍ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် အကွာဘာပင်လယ်ကွေ့သို့သွားရာလမ်းအတိုင်း ချီတက်ကြလေသည်။ သို့ရာတွင်သူတို့သည် လမ်းခုလတ်တွင် စိတ်ပျက်အားလျော့လာကြ ပြီးလျှင်၊-