အလုပ်ခွင်သို့ပြန်သွားကြ။ သင်တို့အားကောက် ရိုးပေးမည်မဟုတ်။ သို့သော်ယခင်အုတ်အရေ အတွက်နှုန်းအတိုင်းထုတ်လုပ်ရမည်'' ဟုမိန့် ကြားလေ၏။-
ထွက်မြောက် 5:19 - Common Language Bible ယခင်နေ့စဉ်ထုတ်လုပ်သော အုတ်အရေအတွက် နှုန်းအတိုင်းထုတ်လုပ်ရမည်ဖြစ်ကြောင်းကို ကြားရသောအခါ ဣသရေလအမျိုးသား အလုပ်ကြပ်တို့သည်မိမိတို့၌ဒုက္ခရောက် မည့်အရေးကိုတွေ့မြင်လာကြလေသည်။ Garrad Bible ထို သို့ နေ့ စဉ် လုပ် ရ သော အုတ် ကို အ လျှင်း မ လျော့ စေ ရ ဟု ဆင့် ဆို ရ မည့် အ တွက် ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ သည် ဘေး ဆိုး ရောက် ကြောင်း သိ မြင် ကြ ၏။ Judson Bible ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ “နေ့စဉ်လုပ်ရမည့်အုတ် မလျော့ရ”ဟု မိန့်ဆိုသဖြင့် အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူတို့သည် မိမိတို့ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိမြင်လေ၏။ |
အလုပ်ခွင်သို့ပြန်သွားကြ။ သင်တို့အားကောက် ရိုးပေးမည်မဟုတ်။ သို့သော်ယခင်အုတ်အရေ အတွက်နှုန်းအတိုင်းထုတ်လုပ်ရမည်'' ဟုမိန့် ကြားလေ၏။-
သူတို့သည်ဖာရောဘုရင်ထံမှထွက်ခွာလာ ကြသောအခါ သူတို့အားစောင့်နေသော မောရှေနှင့်အာရုန်တို့ကိုတွေ့လျှင်၊-
သို့ရာတွင်သူတို့ဖုတ်ရမည့်အုတ်အရေ အတွက်မှာ ယခင်ကထက်မနည်းစေရ။ မည် သည့်အကြောင်းကြောင့်မျှအရေအတွက် မလျော့စေရ။ သူတို့သည်ပျင်း၏။ ထို့ကြောင့် သူတို့က`ငါတို့၏ဘုရားအားယဇ်ပူဇော် ရန်သွားခွင့်ပေးပါ' ဟုတောင်းဆို၏။-
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
ထာဝရဘုရားသည်မိမိလူမျိုးတော်၏ အင်အားကုန်သည့်အဖြစ်ကိုမြင်ရသော အခါ သူတို့အားကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်ကိုဆည်းကပ်ကိုးကွယ်သူတို့ ခိုကိုးရာမဲ့သည့်အဖြစ်ကိုမြင်တော်မူသော အခါ သူတို့အားကရုဏာပြတော်မူလိမ့်မည်။