ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍ သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။
ထွက်မြောက် 5:12 - Common Language Bible ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။- Garrad Bible ထို သူ တို့ သည် ကောက် ရိုး အ ဖြစ် ကောက် ငုပ် ကို ယူ ခြင်း ငှါ အိ ဂျစ် ပြည် လုံး နှံ့ တ ကွဲ တ ပြား ရှာ ရ ကြ ၏။ Judson Bible သို့ဖြစ်၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကိုရှာယူခြင်းငှာ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် အရပ်ရပ်ကွဲပြားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထိုသူတို့သည် ကောက်ရိုးအစား ရိုးပြတ်ကိုရှာယူရန် အီဂျစ်ပြည်တစ်ပြည်လုံးသို့ ကွဲလွင့်သွားကြလေ၏။ |
ကိုယ်တော်သည်ဘုန်းတန်ခိုးအာနုဘော်ဖြင့် ရန်သူများကို ချေမှုန်းတော်မူပါ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ တောက်လောင်၍ သူတို့ကိုကောက်ရိုးကဲ့သို့လောင်ကျွမ်းစေပါ၏။
သင်တို့ကိုယ်တိုင်ကောက်ရိုးရနိုင်မည့်အရပ်မှ ကောက်ရိုးကိုရှာယူရမည်။ သို့ရာတွင်သင်တို့ ဖုတ်ရမည့်အုတ်အရေအတွက်မှာ ယခင်က ထက်မနည်းစေရ' ဟုမိန့်ကြားတော်မူသည်'' ဟူ၍ပြောလေ၏။-
အုပ်ချုပ်သူတို့က``သင်တို့သည်ကောက်ရိုးရ စဉ်က နေ့စဉ်ဖုတ်ပြီးသမျှအုတ်အရေအတွက် နှုန်းအတိုင်း ယခုလည်းပြီးစီးစေရမည်'' ဟု ဆိုလျက်ဣသရေလအမျိုးသားတို့အား အသော့ခိုင်းလေ၏။-
``သူတို့သည်ဖွဲကဲ့သို့ဖြစ်၍မီးသည်သူတို့အား ကျွမ်းလောင်စေလိမ့်မည်။ သူတို့သည်မိမိတို့ကိုယ်ကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။ မီးလျှံများသည်ပူနွေးရန်လှုံသည့်မီးမျိုး မဟုတ်ဘဲ၊ သူတို့အတွက်အပူလွန်၍နေလိမ့်မည်။
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။
ယာကုပ်၏မျိုးဆက်များနှင့်ယောသပ်၏ မျိုးဆက်များသည်မီးနှင့်တူလိမ့်မည်။ မီးသည်အမှိုက်သရိုက်ကိုကျွမ်းလောင်စေ သကဲ့သို့၊ သူတို့သည်ဧသော၏မျိုးဆက်များကို သုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ဧသော၏သားမြေးတစ်စုံတစ်ယောက်မျှ အသက် မသေဘဲကျန်ရှိလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
လူအချို့တို့သည်ထိုတိုက်မြစ်ပေါ်တွင်ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားဖြင့်ထပ်ဆင့်တည်ဆောက် ကြလိမ့်မည်။ လူအချို့တို့ကမူသစ်သား၊ မြက် ခြောက်သို့မဟုတ်ကောက်ရိုးဖြင့်ထပ်ဆင့် တည်ဆောက်ကြလိမ့်မည်။-