ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
ထွက်မြောက် 40:18 - Common Language Bible မောရှေသည်တဲတော်၏အောက်ခံခုံများကို နေရာချထား၏။ ထိုနောက်ဘောင်ခွေများကို ထောင်၍ ကန့်လန့်ကျင်များကိုလျှိုလျက်တိုင် များကိုထူ၏။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း မော ရှေ သည် စံ ရာ တော် ကို စိုက် ထူ ရာ အောက် ခံ ခုံ ချ ထား ခြင်း၊ ဘောင် ခွေ တပ် ခြင်း၊ ကန့် လန့် ကျင် လျှို ခြင်း၊ တိုင် ထူ ခြင်း များ ကို ပြု လေ ၏။ စံ ရာ တော် အ ပေါ် တဲ မိုး ကို ဖြန့် မိုး၍ ၎င်း အ ထက် အ ပေါ် ထပ် မိုး ကို လည်း ကြက် လေ ၏။ Judson Bible ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကိုနေရာချ၍၊ ပျဉ်ပြားများကိုထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကိုလျှို၍၊ တိုင်တို့ကိုထူလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ကိန်းဝပ်တော်မူရာတဲတော်ကိုတည်ရာတွင် အောက်ခံအစွပ်များကိုနေရာချ၏။ ဘောင်များကိုထောင်၏။ ကန့်လန့်ကျင်များကိုလျှို၏။ တိုင်များကိုထူ၏။ |
ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။-
ထာဝရဘုရားကသူ့အားမိန့်တော်မူသည့် အတိုင်းတဲတော်အမိုးကိုဖြန့်မိုးလျက် ထို အမိုးအထက်အပေါ်ထပ်အမိုးကိုမိုး ပြန်၏။-
``ပထမလ၊ ပထမနေ့ရက်တွင်ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုစိုက်ထူလော့။-
ငါတို့ပြည်တွင်နေထိုင်ကြသူအပေါင်းတို့ သည်ဖျားနာပါသည်ဟူ၍ အဘယ်အခါ၌ မျှညည်းညူရကြလိမ့်မည်မဟုတ်။ အပြစ် ရှိသမျှမှလည်းဖြေလွှတ်ကြလိမ့်မည်။
ငါသည်တဲတော်တွင်ကိန်းဝပ်သဖြင့် သင်တို့ နှင့်အတူရှိနေမည်။ သင်တို့ကိုမည်သည့်အခါ မျှစွန့်ပစ်တော်မမူ။-
ထို့ကြောင့်သင်၏နာမည်သည်ကျောက်ဟုအနက် ရှိသောပေတရုဖြစ်၍ထိုကျောက်တည်းဟူသော အုတ်မြစ်ပေါ်မှာငါ၏အသင်းတော်ကိုတည်ဆောက် မည်။ သေခြင်းတရားပင်လျှင်ထိုအသင်းတော်ကို မနိုင်ရ။-
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
သို့ရာတွင်အကယ်၍ငါလာရောက်ရန်နှောင့်နှေး ကြန့်ကြာနေခဲ့သော် ဘုရားသခင်၏အိမ်ထောင် စုသားတို့အဘယ်သို့ပြုမူကျင့်ကြံသင့်သည် ကိုသင်သိရှိနိုင်စေရန် ဤစာကိုရေးလိုက်ရ ခြင်းဖြစ်ပေသည်။ ထိုအိမ်ထောင်စုကားအသက် ရှင်တော်မူသောဘုရားသခင်၏အသင်းတော် ပင်တည်း။ ထိုအသင်းတော်သည်သမ္မာတရား၏ မဏ္ဍိုင်ဖြစ်၏။-
သင်တို့သည်ဘုရားသခင်ကိုယုံကြည်သူများ ဖြစ်သည့်အလျောက် အဆုံးစွန်သောကာလ၌ ပေါ်လွင်ထင်ရှားရန်အသင့်ရှိသည့်ကယ်တင် ခြင်းကျေးဇူးတော်ကိုခံစားရချိန်တိုင်အောင် ကိုယ်တော်သည်သင်တို့အားတန်ခိုးတော်ဖြင့် စောင့်ထိန်းလျက်ထားတော်မူ၏။
ငါသည်ပလ္လင်တော်မှကျယ်စွာသောအသံကို ကြားရ၏။ ထိုအသံက``ယခုအခါ၌ဘုရား သခင်သည်လူသားတို့ထံတွင်ကျိန်းဝပ်တော် မူပြီ။ ကိုယ်တော်သည်သူတို့နှင့်အတူနေတော် မူမည်။ ထိုသူတို့သည်ကိုယ်တော်၏လူစုတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင် ပင်လျှင်သူတို့နှင့်အတူရှိနေတော်မူ၍သူ တို့၏ဘုရားဖြစ်မည်။-