``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
ထွက်မြောက် 40:15 - Common Language Bible ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ပ ရော ဟိတ် အ မှု ကို ငါ့ ရှေ့ ဆောင် ရွက် ကြ စေ ရန် သူ တို့ အ ဘ ကို ဘိ သိက် သွန်း သ ကဲ့ သို့ ဘိ သိက် သွန်း ၍ သီး သန့် စေ လော့။ ထို သို့ ဘိ သိက် ခံ ရ ခြင်း သည် သူ တို့ အ မျိုး အ ဆက် မ ပြတ်၊ ပ ရော ဟိတ် ရာ ထူး ကို အ မြဲ ရ ကြ ရန် ဖြစ် သ တည်း ဟု မိန့် တော် မူ ၏။ Judson Bible အကယ်စင်စစ် သူတို့ဆီလိမ်းခြင်းဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ်အရာ ဖြစ်သတည်းဟု၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့ထံ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် သူတို့၏ဖခင်ကို ဘိသိက်ပေးသကဲ့သို့ သူတို့ကို ဘိသိက်ပေးရမည်။ ထိုသို့ ဘိသိက်ပေးခြင်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် ယဇ်ပုရောဟိတ်အရိုက်အရာကို အစဉ်အမြဲဆက်ခံစေရန်ဖြစ်၏”ဟု မိန့်တော်မူ၏။ |
``သင်သည်ယဇ်ပုရောဟိတ်မင်းမေလခိ ဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်လိမ့်မည်'' ဟု ထာဝရဘုရားသခင်သည်ကျိန်ဆို ကတိပေးတော်မူသည်ဖြစ်ရာ ထိုကတိတော်ကိုပြန်လည်ရုပ်သိမ်းတော်မူ လိမ့်မည် မဟုတ်ပါ။
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ထိုအဝတ်အင်္ကျီများကိုသင်၏အစ်ကိုအာရုန် နှင့် သူ၏သားတို့အားဝတ်ဆင်ပေးလော့။ ထိုနောက် သူတို့သည်ငါ၏အမှုတော်ကိုထမ်းဆောင်နိုင် ရန် ယဇ်ပုရောဟိတ်များအဖြစ်သင်သည်သူတို့ အားသံလွင်ဆီဖြင့်ဘိသိက်ပေးလော့။-
ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
ဣသရေလအမျိုးသားတို့အားဤသို့ ဆင့်ဆိုလော့။ ငါ၏အမှုတော်ကိုထမ်းရန် ဘိသိက်ပေးရာ၌၊ သင်တို့၏သားစဉ်မြေး ဆက်တို့သည်ဤသန့်ရှင်းသောဆီကိုအသုံး ပြုရမည်။-
မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
ထိုအခါကောင်းကင်တမန်က``ဤအရာ တို့သည်ကမ္ဘာမြေပြင်တစ်ခုလုံးကိုအစိုး ရသောအရှင်၊ ဘုရားသခင်၏အမှုတော် ကိုထမ်းဆောင်ရန်ကိုယ်တော်ရွေးချယ်ဘိသိက် ပေးတော်မူသောသူနှစ်ဦးဖြစ်၏'' ဟုဆို လေသည်။
သူသည်ငါမှတစ်ပါးအခြားသောဘုရားကို လက်မခံသဖြင့် ဣသရေလအမျိုးသားတို့ ၏အပြစ်ပြေရာပြေကြောင်းကိုဆောင်ရွက်ခဲ့ သောကြောင့် သူမှစ၍သူ၏အဆက်အနွယ် တို့သည်ယဇ်ပုရောဟိတ်အရာကိုအမြဲ ဆက်ခံစေရမည်'' ဟုမိန့်တော်မူ၏။
သူ၏မိဘဘိုးဘေးတို့အကြောင်းမှတ်တမ်း ကိုလည်းကောင်း၊ သူမွေးဖွားသည့်အကြောင်း နှင့်ကွယ်လွန်သည့်အကြောင်းမှတ်တမ်းတို့ကို လည်းကောင်းမတွေ့ရှိရပေ။ သူသည်ဘုရား သခင်၏သားတော်နှင့်တူ၍ ယဇ်ပုရောဟိတ် အရာကိုထာဝစဉ်ရရှိထားသူဖြစ်သတည်း။
သိမ်ငယ်သူသည်ကြီးမြတ်သူထံမှ ကောင်းချီး မင်္ဂလာခံယူရမြဲဖြစ်သည်ကိုငြင်းဆိုဖွယ် မရှိ။-