ထွက်မြောက် 40:14 - Common Language Bible သူ၏သားများကိုလည်းခေါ်၍အင်္ကျီဝတ် ပေးလော့။- Garrad Bible သား တို့ ကို လည်း ခေါ် ၍ လက် ကျပ် ဝတ် လုံ နှင့် ဆင် ယင် ပြီး လျှင်၊ Judson Bible သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကိုဆီလိမ်းရမည်။ မြန်မာ့စံမီသမ္မာကျမ်း သူ၏သားတို့ကိုလည်း ခေါ်လာ၍ သူတို့အား အတွင်းသင်တိုင်းကို ဝတ်ဆင်ပေးရမည်။ |
အာရုန်အားယဇ်ပုရောဟိတ်အဝတ်တန်ဆာ များကိုဝတ်ဆင်စေ၍၊ ဘိသိက်ဆီလောင်း လျက်သူ့အားဆက်ကပ်၍၊ ငါ့အတွက်ယဇ် ပုရောဟိတ်အဖြစ်ဆောင်ရွက်စေလော့။-
ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့သည်ထာဝရဘုရားပြု တော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ရလိမ့်မည်။ သူသည်မင်္ဂလာဆောင်ပွဲအတွက်ဝတ်စား တန်ဆာဆင်ထားသည့်သတို့သမီးနှင့်တူ၏။ ဘုရားသခင်သည်သူ့ကိုကယ်တင်ခြင်းနှင့် အောင်မြင်ခြင်း တို့ဖြင့်တန်ဆာဆင်ပေးတော်မူပါ၏။
ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။
ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။
သို့ဖြစ်၍ကိုယ်တော်သည်မိမိသီးသန့်ထားသူ တို့ကိုခေါ်ယူတော်မူ၏။ ယင်းသို့ခေါ်ယူတော် မူသောသူတို့အား မိမိနှင့်မှန်ကန်စွာဆက်ဆံ စေတော်မူပြီးလျှင်မိမိ၏ဘုန်းအသရေ တော်ကိုခံစားခွင့်ပေးတော်မူ၏။
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-
ဘုရားသခင်သည်သစ္စာစောင့်တော်မူ၏။ ကိုယ်တော် သည်သင်တို့အားမိမိ၏သားတော်တည်းဟူသော ငါတို့အရှင်သခင်ယေရှုခရစ်နှင့်မိတ်သဟာယ ဖွဲ့စေရန် သင်တို့ကိုရွေးကောက်တော်မူပေသည်။