ထာဝရဘုရားကလည်း``လူသည်သေမျိုးဖြစ် ၏။ အမြဲအသက်ရှင်နေခွင့်ကိုငါမပေး။ ယခု မှစ၍လူ၏သက်တမ်းသည်အနှစ်တစ်ရာ့နှစ် ဆယ်ဖြစ်စေ'' ဟုမိန့်တော်မူ၏။-
ထွက်မြောက် 4:21 - Common Language Bible ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။- Garrad Bible ထို အ ခါ ထာ ဝ ရ ဘု ရား က၊ အိ ဂျစ် ပြည် သို့ ပြန် ရောက် လျှင် ငါ အပ် နှင်း သော သက် သေ နိ မိတ် အ မျိုး မျိုး ကို ဖာ ရော မင်း ရှေ့ ပြ ဖြစ် အောင် ပြ လော့။ သို့ ပြ လျက် ပင် သူ့ စိတ် နှ လုံး ကို ငါ ခဲ ယဉ်း စေ သ ဖြင့် ထို လူ မျိုး ကို လွှတ် လိမ့် မည် မ ဟုတ်။ Judson Bible ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဖွယ်သောအမှုအလုံးစုံတို့ကို ဖာရောဘုရင်ရှေ့မှာပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကိုငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲနေလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။ |
ထာဝရဘုရားကလည်း``လူသည်သေမျိုးဖြစ် ၏။ အမြဲအသက်ရှင်နေခွင့်ကိုငါမပေး။ ယခု မှစ၍လူ၏သက်တမ်းသည်အနှစ်တစ်ရာ့နှစ် ဆယ်ဖြစ်စေ'' ဟုမိန့်တော်မူ၏။-
ထိုဝိညာဉ်က`အကျွန်ုပ်သည်အာဟပ်၏ပရော ဖက်များထံသို့သွား၍သူတို့အားလိမ်လည် ဟောပြောစေပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားကလည်း`သင်သွား၍အာဟပ်အားလိမ် လည်လှည့်စားလော့။ အောင်မြင်လိမ့်မည်' ဟုမိန့် တော်မူ၏'' ဟုလျှောက်ထား၏။
ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
ထိုနောက်ထာဝရဘုရားက မောရှေအား``သင် သည်ဘုရင်ထံသို့သွားလော့။ ငါသည်အံ့ဖွယ် သောအမှုတို့ကို အီဂျစ်အမျိုးသားတို့တွင် ပြခြင်းငှာလည်းကောင်း၊ သူတို့အားပြသည့် အံ့ဖွယ်သောအမှုများအကြောင်းကို သင် တို့၏သားမြေးတို့အားပြောပြနိုင်ခြင်း ငှာလည်းကောင်း ငါသည်ဘုရင်နှင့်သူ၏ မှူးမတ်တို့ကိုခေါင်းမာစေ၏။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့ အားလုံးသိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။
ထာဝရဘုရားသည်ဘုရင်အားခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့ကိုသွား ခွင့်မပြုဘဲနေပြန်၏။-
မောရှေနှင့်အာရုန်တို့သည်ဘုရင်ရှေ့၌အံ့ ဖွယ်သောအမှုတို့ကိုပြသော်လည်း ထာဝရ ဘုရားသည်သူ့ကိုခေါင်းမာစေသဖြင့် ဣသရေလအမျိုးသားတို့အားတိုင်းပြည် မှထွက်ခွင့်မပြုဘဲနေသတည်း။
ထာဝရဘုရားကမောရှေအား``ငါသည် အီဂျစ်ပြည်တွင်အံ့ဖွယ်သောအမှုများကို များပြားစွာပြနိုင်ရန် ဘုရင်သည်သင်၏ စကားကိုနားမထောင်ဘဲနေလိမ့်မည်'' ဟုမိန့်တော်မူခဲ့၏။-
ငါသည်အီဂျစ်အမျိုးသားတို့ကိုခေါင်း မာစေသဖြင့် သူတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ဆင်းလိုက်ကြ လိမ့်မည်။ ငါသည်ဘုရင်နှင့်တကွသူ၏ စစ်တပ်၊ ရထားတပ်နှင့်မြင်းတပ်တို့ကို နှိမ်နင်းအောင်မြင်ခြင်းအားဖြင့် ငါ၏ ဘုန်းထင်ရှားလိမ့်မည်။-
ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
ထာဝရဘုရားသည်ဘုရင်ကိုခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့နောက် သို့လိုက်လေ၏။ ဣသရေလအမျိုးသားတို့ သည်ဝင့်ကြွားစွာဖြင့်ထွက်ခွာလျက်ရှိ ကြ၏။-
အီဂျစ်ဘုရင်သည်၊ အင်အားကြီးမားသော လက်တော်ဖြင့်တိုက်တွန်းခြင်းမပြုလျှင် သင် တို့အားသွားခွင့်ပြုမည်မဟုတ်ကြောင်းငါ သိ၏။-
ငါ၏တန်ခိုးတော်ဖြင့်နိမိတ်လက္ခဏာများ ကိုပြ၍ အီဂျစ်ပြည်သားတို့ကိုဒဏ်ခတ်မည်။ ထိုနောက်မှဘုရင်သည်သင်တို့ကိုသွားခွင့် ပေးလိမ့်မည်။
ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
သို့ရာတွင်ငါသည်ဘုရင်အားခေါင်းမာစေ သဖြင့် နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် ရာအမှုတို့ကိုငါပြသော်လည်း၊-
ဖားတို့ကိုကိုယ်တော်၏နန်းတော်နှင့်ကိုယ် တော်၏မှူးမတ်ပြည်သူတို့ထံမှဖယ်ရှား၍ မြစ်ထဲ၌သာနေစေလိမ့်မည်'' ဟုလျှောက် ထားပြီးလျှင်၊-
တိုင်းပြည်တွင်အခြေအနေကောင်းလာကြောင်း ကိုတွေ့မြင်ရသောအခါ၊ ဘုရင်သည်ထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းခေါင်းမာမြဲ ခေါင်းမာလျက် မောရှေနှင့်အာရုန်တို့၏စကား ကိုနားမထောင်ဘဲနေလေ၏။
သို့ရာတွင်ဘုရင်သည်ယခုအကြိမ်၌လည်း ခေါင်းမာမြဲခေါင်းမာလျက် ဣသရေလ အမျိုးသားတို့ကိုသွားခွင့်မပြုချေ။
သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် မောရှေအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းဘုရင်သည် ဣသရေလအမျိုးသားတို့အားသွားခွင့် မပြုဘဲနေလေ၏။
ထာဝရဘုရားသည်မောရှေအားမိန့်တော် မူခဲ့သည့်အတိုင်း ဘုရင်သည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ ပြန်၏။
ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
ကျွန်တော်မျိုးတို့အားအဘယ်ကြောင့်ကိုယ်တော် ရှင်၏တရားလမ်းမှလွှဲရှောင်သွားစေတော်မူ ပါသနည်း၊ အဘယ်ကြောင့်ကျွန်တော်မျိုးတို့ အားခေါင်းမာစေလျက် ကိုယ်တော်ရှင်ထံမှရှောင် လွှဲစေပါသနည်း။ ကိုယ်တော်ရှင်အားကိုးကွယ် သူတို့ကိုထောက်ထားသဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်ထာဝစဉ်ပိုင်သတော်မူသည့် လူမျိုးတော်အားထောက်ထားသဖြင့်လည်း ကောင်း ပြန်လည်ကြွလာတော်မူပါ။
ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။
ပျက်စီးဆုံးပါးဆဲဖြစ်သူတို့အတွက်ထို ရနံ့သည်သေစေတတ်သောအပုပ်နံ့ဖြစ်၍ ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့အတွက် အသက်ရှင်စေတတ်သည့်အမွှေးအကြိုင် ဖြစ်ပေသည်။ သို့ဖြစ်၍ဤကဲ့သို့သောအမှု ကိုအဘယ်သူဆောင်ရွက်နိုင်မည်နည်း။-
ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် အာနုန်ချိုင့်ကမ်းပေါ်ရှိအာရော်မြို့နှင့်ချိုင့်လယ် ရှိမြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်မြို့ရှိသမျှကို ငါတို့အားသိမ်းပိုက်စေတော်မူ၏။ မည်သည့်မြို့ မှငါတို့ကိုမခုခံနိုင်။-
ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
အခြားကျမ်းတစ်ပုဒ်တွင်၊ ``ထိုကျောက်သည်လူတို့အားခလုတ်ထိစေ၍ ပြိုလဲစေသောကျောက်ဖြစ်၏'' ဟုဖော်ပြပါရှိ၏။ သူတို့သည်နှုတ်ကပတ်တော် ကို မယုံကြည်ကြသဖြင့်ခလုတ်ထိရကြ၏။ ဤကားထိုသူတို့အတွက်ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သတည်း။