ထွက်မြောက် 10:27 - Common Language Bible27 ထာဝရဘုရားသည်ဘုရင်အားခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့ကိုသွား ခွင့်မပြုဘဲနေပြန်၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ဖာ ရော မင်း၏ စိတ် နှ လုံး ကို ထာ ဝ ရ ဘု ရား ခဲ ယဉ်း စေ တော် မူ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible27 ထာဝရဘုရားသည် ဖာရောဘုရင်၏ နှလုံးကိုခိုင်မာစေတော်မူသဖြင့်၊ သူသည် ဣသရေလအမျိုးသားတို့ကိုမလွှတ်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထာဝရဘုရားသည် ဖာရောမင်းကြီး၏စိတ်နှလုံးကို မာကျောစေသဖြင့် သူသည် အစ္စရေးလူမျိုးတို့ကို လွှတ်ပေးလိုသောဆန္ဒမရှိ။ အခန်းကိုကြည့်ပါ။ |
ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။
ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။-
ထိုနောက်ထာဝရဘုရားက မောရှေအား``သင် သည်ဘုရင်ထံသို့သွားလော့။ ငါသည်အံ့ဖွယ် သောအမှုတို့ကို အီဂျစ်အမျိုးသားတို့တွင် ပြခြင်းငှာလည်းကောင်း၊ သူတို့အားပြသည့် အံ့ဖွယ်သောအမှုများအကြောင်းကို သင် တို့၏သားမြေးတို့အားပြောပြနိုင်ခြင်း ငှာလည်းကောင်း ငါသည်ဘုရင်နှင့်သူ၏ မှူးမတ်တို့ကိုခေါင်းမာစေ၏။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့ အားလုံးသိရလိမ့်မည်'' ဟုမိန့်တော်မူ၏။