ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။
ထွက်မြောက် 39:32 - Common Language Bible နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။- Garrad Bible ထို သို့၊ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ဣ သ ရေ လ အ မျိုး သား တို့ ပြု လျက် တွေ့ ဆုံ၍ စံ တော် မူ ရာ တဲ တော် အ လုပ် အ ဆောင် ရှိ သ မျှ ကို ပြီး စီး ကြ ၏။ Judson Bible ထိုသို့မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည်ပြု၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောလုပ်ငန်းရှိသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြီးစီးလေ၏။ |
ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။
ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ ခွက်ဖလားများ ကိုလည်းပြုလုပ်၏။ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွက် ရှောလမုန်မင်းစေခိုင်းသမျှ သောအလုပ်တို့ကိုပြီးစီးအောင်ဆောင်ရွက်လေ သည်။ သူပြုလုပ်သောပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်လေသည်။ တိုင်ကြီးနှစ်လုံး၊ ဖလားပုံသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်များတွက်ကွန်ရက်များ၊ ကွန်ရက်ပတ်လည်မှအလုံးတစ်ရာစီရှိသော သလဲသီးကုံးနှစ်ကုံးအတွက်သလဲသီး အလုံးလေးရာ၊ လက်တွန်းလှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်တင်ရန်နွားရုပ်ဆယ့်နှစ်ခု၊ အိုးများ၊ ကော်ပြားများနှင့်ခွက်ဖလားများ၊ ဗိမာန်တော်တွင်အသုံးပြုရန်ရှောလမုန်မင်းအတွက် ဟိရံပြုလုပ်ပေးသောဤပစ္စည်းတန်ဆာတို့သည် အရောင်တင်ထားချွတ်ပြီးကြေးဝါဖြင့်ပြီးကြ၏။-
ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
သူတို့သည်ငါစံရာတဲတော်၊ ပဋိညာဉ်သေတ္တာ တော်နှင့်အဖုံး၊ တဲတော်ထဲရှိအသုံးအဆောင် တန်ဆာအားလုံး၊-
ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ထိုနဖူးစည်းကိုခေါင်းပေါင်း အပေါ်တွင်ကြိုးပြာဖြင့်ချည်ထားကြ၏။
သူတို့သည်တဲတော်မှစ၍တဲတော်နှင့်ဆိုင် သောပစ္စည်းအားလုံး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့်အောက်ခံခုံ များကိုလည်းကောင်း၊-
တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
သင်တို့အားငါမှာကြားသမျှတို့ကိုကျင့် ကြလော့။ ထပ်တိုးခြင်း၊ နုတ်ပယ်ခြင်းမပြု ရ။''
မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
ရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။-