ဘောင်ခွေတစ်ခုစီအောက်ရှိခြေထောက်နှစ်ခု စီအတွက် ငွေဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ် လေးဆယ်ကိုပြုလုပ်ရမည်။-
ထွက်မြောက် 38:27 - Common Language Bible အောက်ခံတစ်ခုလျှင်ငွေချိန်ခုနစ်ဆယ့်ငါး ပေါင်ကျဖြင့် တဲတော်နှင့်ကန့်လန့်ကာအောက် ခံတစ်ရာအတွက်ငွေချိန်ခုနစ်ထောင့်ငါး ရာပေါင်ကိုအသုံးပြုသည်။- Garrad Bible အောက် ခံ ခုံ တစ် ခု၌ ငွေ ချိန် အ ခွက် သုံး ဆယ် စီ ဝင် သည် ဖြစ်၍ သန့် ရှင်း ရာ ဌာ န တော်၊ ကန့် လန့် ကာ တော်၏ အောက် ခံ ခုံ တစ် ရာ ကို ငွေ ချိန် အ ခွက် သုံး ထောင် နှင့် သွန်း လုပ် လေ၏။ Judson Bible ခြေစွပ်တစ်ခု၌ ငွေအခွက်တစ်ဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တစ်ထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်းကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တစ်ရာကို သွန်းလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ငွေတာလန်တစ်ရာဖြင့် သန့်ရှင်းရာဌာနအတွက် အောက်ခံအစွပ်များနှင့် ကန့်လန့်ကာအတွက် အောက်ခံအစွပ်များကို သွန်းလုပ်၏။ အောက်ခံအစွပ်တစ်ခုလျှင် တစ်တာလန်၊ အောက်ခံအစွပ်တစ်ရာအတွက် တာလန်တစ်ရာဖြစ်၏။ |
ဘောင်ခွေတစ်ခုစီအောက်ရှိခြေထောက်နှစ်ခု စီအတွက် ငွေဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ် လေးဆယ်ကိုပြုလုပ်ရမည်။-
ဘောင်ခွေတစ်ခုစီအောက်တွင်ငွေဖိနပ်နှစ်ခု ကျဖြင့် ငွေဖိနပ်လေးဆယ်ကိုပြုလုပ်ရမည်။-
သို့ဖြစ်၍ဘောင်ခွေရှစ်ခုနှင့်တစ်ခုစီအတွက် ငွေ ဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ်တစ်ဆယ့်ခြောက်ခု ရှိရမည်။
ကန့်လန့်ကာကိုရွှေချိတ်များတပ်ထားသော အကာရှသစ်သားတိုင်လေးတိုင်အပေါ်တွင် ချိတ်ဆွဲထားရမည်။ တိုင်များကိုရွှေချ၍ ငွေဖိနပ်လေးခုတွင်စွပ်ထားရမည်။-
ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။-
ချိတ်များ၊ ထိပ်အုပ်များ၊ တန်းများအတွက် ကျန်သေးသောငွေချိန်ပေါင်ငါးဆယ်ကို သုံး၏။-