ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
ထွက်မြောက် 38:26 - Common Language Bible ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။- Garrad Bible အ သက် နှစ် ဆယ့် ရွယ် နှင့် တိုး တက် ကျော် လွန်၍ ရေ တွက် စု ရုံး ပြီး သူ တို့ ထံ ကူး သွား သော လူ ဦး ရေ ခြောက် သိန်း သုံး ထောင့် ငါး ရာ့ ငါး ဆယ် တို့ သည် ကျပ် ချိန် တော် အ လိုက် တ ပေ ခ ခေါ် ငွေ ငါး မူး စီ ကို ပေး ရ၏။ Judson Bible အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တစ်ဝက်စီပေးရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အသက်နှစ်ဆယ်နှင့်အထက် ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့မှာ ခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ရှိ၍ တစ်ယောက်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းအရ ရှယ်ကယ်တစ်ဝက်ဖြစ်သော တစ်ဗေကာကို ပေးဆောင်ကြ၏။ |
ဣသရေလအမျိုးသားတို့သည်ရာမသက် မြို့မှ သုကုတ်မြို့သို့ခြေလျင်ခရီးဖြင့်ထွက်ခွာ လာခဲ့ကြ၏။ အရေအတွက်အားဖြင့်အမျိုး သမီးနှင့်ကလေးများမပါဘဲ စုစုပေါင်း လူခြောက်သိန်းမျှရှိလေသည်။-
``သင်သည်ဣသရေလအမျိုးသားတို့၏သန်း ခေါင်စာရင်းကိုကောက်ယူသောအခါ စာရင်း ယူချိန်တွင်၊ သူတို့၌ဘေးမသင့်စေခြင်းငှာ၊ လူတိုင်းမိမိ၏အသက်ဖိုးကိုထာဝရ ဘုရားအားဆက်သရမည်။-
သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။-
အောက်ခံတစ်ခုလျှင်ငွေချိန်ခုနစ်ဆယ့်ငါး ပေါင်ကျဖြင့် တဲတော်နှင့်ကန့်လန့်ကာအောက် ခံတစ်ရာအတွက်ငွေချိန်ခုနစ်ထောင့်ငါး ရာပေါင်ကိုအသုံးပြုသည်။-
``သင်နှင့်အာရုန်သည်ဣသရေလအမျိုးသားတို့၏သန်းခေါင်စာရင်းကို သားချင်းစုနှင့်မိသားစုအလိုက်ကောက်ယူရမည်။ စစ်မှုထမ်းနိုင်သူအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိ အမျိုးသားအားလုံး၏နာမည်စာရင်းကိုကောက်ယူလော့။-
ဣသရေလအမျိုးသားတို့၏တပ်အလိုက်နှင့်သားချင်းစုအလိုက်လူဦးရေစာရင်းစုစုပေါင်းမှာခြောက်သိန်းသုံးထောင့်ငါးရာငါးဆယ်ယောက်ဖြစ်သည်။-
``ဣသရေလအမျိုးသားအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ စစ်မှုထမ်း နိုင်သောယောကျာ်းဦးရေစာရင်းကို မိသားစု အလိုက်ကောက်ယူလော့'' ဟုမိန့်တော်မူ၏။-
ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရနောင်မြို့ သို့ရောက်ကြသောအခါဗိမာန်တော်အတွက်အခွန် ကောက်ခံသူများသည်လာ၍ပေတရုအား ``သင်၏ ဆရာသည်ဗိမာန်တော်ခွန်ပေးဆောင်ပါသလော'' ဟုမေးမြန်းကြ၏။