ရွှေခွက်များ၊ ရွှေမီးညှပ်များ၊ ရွှေလင်ပန်းများ၊ ရွှေဇွန်းများ၊ ရွှေပြာခံအိုးများနှင့်ဗိမာန် တော်အတွင်းသန့်ရှင်းရာဌာနတံခါးများနှင့် ဗိမာန်တော်အပြင်ခန်းတံခါးများအတွက် ရွှေပတ္တာများဖြစ်လေသည်။
ထွက်မြောက် 37:16 - Common Language Bible စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရား၊ စပျစ်ရည်ဆက်သရန်ဖလားတို့ကိုရွှေ ဖြင့်ပြုလုပ်၏။ Garrad Bible စား ပွဲ တော် ပေါ် ရှိ အ သုံး အ ဆောင် တည်း ဟူ သော လင် ပန်း၊ ခွက်၊ ဖ လား၊ သွန်း လောင်း ရန် တ ကောင်း များ ကို ရွှေ စင် နှင့် လုပ် လေ ၏။ Judson Bible စားပွဲတန်ဆာတည်းဟူသော လင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာ ဖလားများကိုလည်း ရွှေစင်နှင့် လုပ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ ကရားများ စသည့်စားပွဲပေါ်တင်ထားရမည့်အသုံးအဆောင်များကို ရွှေစင်ဖြင့် လုပ်ထား၏။ |
ရွှေခွက်များ၊ ရွှေမီးညှပ်များ၊ ရွှေလင်ပန်းများ၊ ရွှေဇွန်းများ၊ ရွှေပြာခံအိုးများနှင့်ဗိမာန် တော်အတွင်းသန့်ရှင်းရာဌာနတံခါးများနှင့် ဗိမာန်တော်အပြင်ခန်းတံခါးများအတွက် ရွှေပတ္တာများဖြစ်လေသည်။
ငွေခွက်၊ ငွေဖလား၊ ငွေတံပိုးခရာနှင့်ငွေ မီးညှပ်များပြုလုပ်ရန်အတွက်သော်လည်း ကောင်း ထိုငွေကိုလုံးဝအသုံးမပြုကြ။-
စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။-
သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။-
မည်သည့်အိမ်ကြီး၌မဆိုရွှေ၊ ငွေအသုံး အဆောင်များသာလျှင်ရှိသည်မဟုတ်။ သစ် သားနှင့်ရွှံ့မြေဖြင့်လုပ်သောအသုံးအဆောင် များလည်းရှိပေသည်။ အချို့ကိုအခါကြီး ရက်ကြီးများ၌အသုံးပြု၍အချို့ကို နေ့တိုင်းအသုံးပြုသည်။-