ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
ထွက်မြောက် 37:10 - Common Language Bible သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။- Garrad Bible အ လျား နှစ် တောင်၊ အ နံ တစ် တောင်၊ အ မြင့် တစ် တောင့် ထွာ ရှိ သော စား ပွဲ တော် ကို လည်း ရှား သား နှင့် လုပ်၍၊ Judson Bible အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင်ထွာရှိသောစားပွဲကိုလည်း၊ အကာရှသားနှင့် လုပ်၍၊ မြန်မာ့စံမီသမ္မာကျမ်း အလျားနှစ်တောင်၊ အနံတစ်တောင်၊ အမြင့်တစ်တောင့်ထွာရှိသောစားပွဲကို အကေရှားသစ်သားဖြင့်လုပ်၍ |
ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းများ၊ ရွှေမီးတိုင် နှင့်သက်ဆိုင်ရာပစ္စည်းအားလုံး၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်၊-
စားပွဲနှင့်ထမ်းပိုးတန်းများ၊ စားပွဲနှင့်ဆိုင် သောပစ္စည်းများ၊ ရှေ့တော်ဆက်မုန့်၊-
ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။-
``သို့ရာတွင်သင်တို့မူကားငါ၏ယဇ် ပလ္လင်ကိုညစ်ညမ်းသည်ဟုဆိုကာ မိမိတို့ တင်လှူသည့်ဘောဇဉ်ပူဇော်သကာကို လည်းမထီမဲ့မြင်ပြုလျက်ငါ့အားရှုတ် ချကြပေသည်။-
နှုတ်ကပတ်တော်သည်လူဇာတိကိုခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့ထံတွင်စံနေတော်မူ၏။ ငါတို့သည် ကိုယ်တော်၏ဘုန်းအသရေတော်ကိုဖူးမြင် ရကြ၏။ ထိုဘုန်းအသရေတော်ကားခမည်း တော်၏တစ်ပါးတည်းသောသားတော်အဖြစ် ဖြင့်ခံယူရရှိသောဘုန်းအသရေတော်ပင် ဖြစ်သတည်း။
ကိုယ်တော်သည်ကျေးဇူးတော်ပြည့်စုံကြွယ်ဝတော် မူသည်နှင့်အညီ ငါတို့အားကောင်းချီးမင်္ဂလာ တစ်ပါးပြီးတစ်ပါးချပေးတော်မူ၏။-
ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။-