ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။-
ထွက်မြောက် 35:3 - Common Language Bible ဥပုသ်နေ့တွင်သင်တို့၏နေအိမ်များ၌မီးကို ပင်မမွေးရ'' ဟုဆင့်ဆို၏။ Garrad Bible သင် တို့ နေ အိမ် များ တွင် ဥ ပုသ် နေ့၌ မီး မ မွေး ရ ဟု ဆင့် ဆို ၏။ Judson Bible သင်တို့နေရာအရပ်၌ ဥပုသ်နေ့မှာ မီးကိုမမွေးရဟု ဆင့်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း မည်သည့်အရပ်၌ သင်တို့နေထိုင်သည်ဖြစ်စေ ဥပုသ်နေ့တွင် မီးမမွှေးရ’ဟူသော သင်တို့လိုက်နာရမည့် ပညတ်တို့ကို မိန့်မှာတော်မူပြီ”ဟု ဆိုလေ၏။ |
ပထမနေ့နှင့်သတ္တမနေ့၌ဝတ်ပြုအစည်း အဝေးကိုကျင်းပရမည်။ ထိုနေ့ရက်များ တွင်စားစရာပြင်ဆင်ခြင်းအလုပ်မှတစ် ပါးအခြားအလုပ်မလုပ်ရ။-
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်ကို လုပ်၍ သတ္တမနေ့တွင်နားနေရမည်။ ထိုသို့ပြု လျှင် သင်၏ကျွန်များ၊ သင်ခိုင်းစေသောအခြား အမျိုးသားများနှင့်တိရစ္ဆာန်များသည် အလုပ် မှနားခွင့်ရကြလိမ့်မည်။
သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်လုပ် ခွင့်ရှိသည်။ သို့ရာတွင်သတ္တမနေ့သည်ထာဝရ ဘုရားအတွက်ဆက်ကပ်ထားသောနားရက် ဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူကို သေဒဏ်စီရင်ရမည်။-
တစ်ဖန်မောရှေက ဣသရေလအမျိုးသား အပေါင်းတို့အား``သင်တို့အားထာဝရဘုရား ဤသို့မိန့်တော်မူသည်။-
ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။-