မောရှေသည်ထာဝရဘုရားထံတော်သို့ ပြန်လာ၍``ဤသူတို့သည်ကြီးလေးသော ပြစ်မှုကိုကူးလွန်ခဲ့ပါပြီ။ ရွှေဘုရား ကိုသွန်းလုပ်၍ကိုးကွယ်ကြပါ၏။-
ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပြန် သွား၍ ဤ လူ မျိုး သည် ရွှေ ဘု ရား များ ကို လုပ် လျက် ကြီး လေး သော ပြစ် မှု ကို ပြစ် မှား လေ စွ တ ကား။
ထာဝရဘုရားအထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသောအပြစ်ကြီးလှပါ၏။ မိမိတို့အဖို့ ရွှေဘုရားကိုလုပ်ပါပြီ။
မောရှေသည် ထာဝရဘုရားထံသို့ ပြန်သွား၍ “ဤလူတို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပါပြီ။ မိမိတို့အဖို့ ရွှေဘုရားကို ပြုလုပ်ကြပါပြီ။
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။
သူတို့သည်နွားလားဥသဘရုပ်ကိုသွန်းလုပ် ပြီးလျှင် ဤဘုရားကားငါတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာသောဘုရားပင်တည်း'' ဟုဆို ကြပါ၏။ အို ထာဝရဘုရားသူတို့သည်ကိုယ်တော်အား လွန်စွာစော်ကားကြပါသည်တကား။
အကျွန်ုပ်တို့အားကိုယ်တော်အပြစ်ဒဏ် ပေးတော်မူသည်မှာတရားပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးလွန်ခဲ့ကြသော် လည်း ကိုယ်တော်သည်သစ္စာစောင့်တော်မူပါ၏။
သင်တို့သည်ငါ့ကိုသာကိုးကွယ်ရမည်။ ငွေ ရုပ်တု၊ ရွှေရုပ်တုဘုရားများကိုပြုလုပ်၍ မကိုးကွယ်နှင့်။-
``မိုးကောင်းကင်သတ္တဝါ၊ မြေကြီးပေါ်ရှိသတ္တဝါ၊ မြေကြီးအောက်ရေထဲရှိသတ္တဝါတို့နှင့် ပုံသဏ္ဌာန် တူသောရုပ်တုကိုသင်တို့အတွက်မထုလုပ်ရ။-
နောက်တစ်နေ့တွင်မောရှေက ဣသရေလ အမျိုးသားတို့အား``သင်တို့သည်ကြီးလေး သောပြစ်မှုကူးလွန်ခဲ့ကြပြီ။ ယခုငါသည် ထာဝရဘုရားရှိတော်မူရာတောင်ပေါ်သို့ တက်မည်။ သင်တို့၏အပြစ်ကိုလွှတ်ရန် ထာဝရ ဘုရားအားတောင်းပန်၍ရကောင်းရလိမ့်မည်'' ဟုဆိုလေ၏။-
မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။
ဣသရေလအမျိုးသားတစ်ရပ်လုံးပင် လျှင် ကိုယ်တော်ရှင်ပညတ်တော်တို့ကိုချိုး ဖောက်၍အမိန့်တော်ကိုမလိုက်နာကြပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုပြစ်မှား ကြသည်ဖြစ်၍ ကိုယ်တော့်အစေခံမောရှေ ၏ပညတ်ကျမ်းတွင်ရေးသားဖော်ပြထား သည့်ကျိန်စာများသင့်စေတော်မူပါ၏။-
``အကျွန်ုပ်တို့သည်အပြစ်ကူးမိကြပါ ပြီ။ အမှားကိုပြုမိကြပါပြီ။ ညစ်ညူးသူ များဖြစ်၍ပုန်ကန်မိကြပါပြီ။ အကျွန်ုပ် တို့သည်ကိုယ်တော်၏အမိန့်တော်တို့ကို ပစ်ပယ်၍ ကိုယ်တော်ပြတော်မူသောပညတ် များမှသွေဖည်မိကြပါပြီ။-
အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-