လေဝိအမျိုးသားတို့သည်မောရှေအမိန့် ပေးသည့်အတိုင်းဆောင်ရွက်သဖြင့်၊ ထိုနေ့ တွင်လူပေါင်းသုံးထောင်ခန့်သေဆုံးလေ၏။-
လေ ဝိ အ နွယ် သား တို့ ပြု၍ ထို နေ့ ချင်း တွင် လူ မျိုး အ နက် သုံး ထောင် ခန့် ဆုံး ပါး ကြ ၏။
မောရှေစီရင်သည်အတိုင်း၊ လေဝိအမျိုးသားတို့သည်ပြု၍၊ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏။
မောရှေ၏စကားအတိုင်း လေဝိ၏သားမြေးတို့ပြုကြရာ ထိုနေ့၌ ထိုလူတို့ထဲမှယောက်ျားသုံးထောင်ခန့် သေလေ၏။
အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်း သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။
မောရှေကသူတို့အား``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ တစ်ယောက်စီဋ္ဌားကိုကိုင်စွဲ၍၊ စခန်းတစ်ဘက် မှတစ်ဘက်သို့နေရာအနှံ့အပြားသွားပြီး လျှင်၊ သင်တို့၏ညီအစ်ကို၊ အဆွေခင်ပွန်း၊ အိမ်နီး ချင်းတို့ကိုသတ်လော့' ဟုမိန့်တော်မူသည်'' ဟု ဆင့်ဆိုလေ၏။-
ထိုနောက်မောရှေကလေဝိအမျိုးသားတို့ အား``ယနေ့တွင်သင်တို့သည်မိမိ၏သား ရင်းညီအစ်ကိုရင်းတို့ကိုသတ်ခြင်းအား ဖြင့်၊ ထာဝရဘုရား၏အမှုတော်ကိုဆောင် ရန်ယဇ်ပုရောဟိတ်များအဖြစ်မိမိတို့ ကိုယ်ကိုဆက်ကပ်ကြပြီ။ ထို့ကြောင့်ထာဝရ ဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပြီ'' ဟုဆို၏။
ထို့ကြောင့်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့တွင်ကပ်ရောဂါဆိုက်ရောက် စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော်သူတို့ သည်အာရုန်အား ရွှေနွားငယ်ရုပ်ကိုသွန်း လုပ်စေသောကြောင့်ဖြစ်သည်။
နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။-
ယဇ်ပုရောဟိတ်အာရုန်၏မြေး၊ ဧလာဇာ၏ သားဖိနဟတ်သည်ထိုအခြင်းအရာကို မြင်ရလျှင် ပရိသတ်ထဲမှထွက်သွား၍ လှံတစ်စင်းကိုင်စွဲလျက်၊-
ဣသရေလအနွယ်အသီးသီးပိုင်သောနယ်မြေ အကျယ်အဝန်းအလိုက် လေဝိအနွယ်ဝင်တို့ အတွက်မြို့အရေအတွက်ကိုသတ်မှတ်ပေးရ မည်'' ဟုမိန့်တော်မူ၏။
ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ကာမ ဂုဏ်မလိုက်စားကြရ။ သူတို့အနက်တစ် ရက်အတွင်းလူနှစ်သောင်းသုံးထောင်မျှသေ ကြ၏။-
သူတို့သည်မိမိတို့၏မိဘညီအစ်ကို၊ သားသမီးတို့ကို ချစ်ခင်မြတ်နိုးသည်ထက်၊ကိုယ်တော်ကို ပို၍ချစ်ခင်မြတ်နိုးကြပါ၏။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို လိုက်နာ၍ကိုယ်တော်၏ပဋိညာဉ်ကို စောင့်ထိန်းကြပါ၏။