ထွက်မြောက် 32:29 - Common Language Bible29 ထိုနောက်မောရှေကလေဝိအမျိုးသားတို့ အား``ယနေ့တွင်သင်တို့သည်မိမိ၏သား ရင်းညီအစ်ကိုရင်းတို့ကိုသတ်ခြင်းအား ဖြင့်၊ ထာဝရဘုရား၏အမှုတော်ကိုဆောင် ရန်ယဇ်ပုရောဟိတ်များအဖြစ်မိမိတို့ ကိုယ်ကိုဆက်ကပ်ကြပြီ။ ထို့ကြောင့်ထာဝရ ဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပြီ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible29 တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ယ နေ့ ကောင်း ကြီး ပေး တော် မူ စေ ခြင်း ငှါ သင် တို့ အ သီး အ သီး သား၊ ညီ အစ် ကို တို့ ကို ကွပ် မျက် သည့် အ လျောက် ထာ ဝ ရ ဘု ရား အ ဖို့ ယ နေ့ ပင် ကိုယ် ကို ခန့် ထား ကြ လော့ ဟု ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 တစ်ဖန်မောရှေက၊ ထာဝရဘုရားသည် ယနေ့ကောင်းချီးပေးတော်မူစေခြင်းငှာ၊ သင်တို့သည် အသီးအသီး ကိုယ်သား၊ ကိုယ်ညီအစ်ကိုကိုထိခိုက်သောအားဖြင့်၊ သင်တို့သည် ယနေ့ကိုယ်ကိုချီးမြှောက်ကြပြီဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ထိုအခါ မောရှေက “သင်တို့သည် ကိုယ့်သားရင်း၊ ကိုယ့်ညီအစ်ကိုရင်းကို တိုက်ခိုက်ကြပြီ။ ထို့ကြောင့် ယနေ့ သင်တို့အား ကောင်းချီးပေးတော်မူမည့်အကြောင်း ထာဝရဘုရားထံ ကိုယ့်ကိုယ်ကိုယ်ဆက်ကပ်ကြလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ထာဝရဘုရားသခင်၏ဗျာဒိတ် တော်ကို ဆင့်ဆိုသူရှိနေသေးပါမူသူ၏ မိဘများသည် သူ့အား`သင်သည်ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုပြန်ကြားပါ သည်ဟုဆိုသော်လည်း မုသားစကားများ ကိုသာလျှင်အသုံးပြုသဖြင့်သေဒဏ် ခံရပေမည်' ဟုဆိုကာထိုသူဟောပြော နေချိန်၌ပင် သူ၏မိဘများသည်သူ့ အားဋ္ဌားနှင့်ထိုး၍သတ်ကြလိမ့်မည်။-
ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။-