ထွက်မြောက် 32:27 - Common Language Bible27 မောရှေကသူတို့အား``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားက`သင်တို့ တစ်ယောက်စီဋ္ဌားကိုကိုင်စွဲ၍၊ စခန်းတစ်ဘက် မှတစ်ဘက်သို့နေရာအနှံ့အပြားသွားပြီး လျှင်၊ သင်တို့၏ညီအစ်ကို၊ အဆွေခင်ပွန်း၊ အိမ်နီး ချင်းတို့ကိုသတ်လော့' ဟုမိန့်တော်မူသည်'' ဟု ဆင့်ဆိုလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 မော ရှေ က လည်း အ သီး အ သီး ဓား လွယ် လျက် တပ် စ ခန်း ဝ တစ် ပေါက် မှ တစ် ပေါက် သို့ ခေါက် ပြန် သွား လာ၍ ညီ အစ် ကို၊ အ ပေါင်း အ ဖော်၊ နီး စပ် သူ များ ကို ကွပ် မျက် စေ ဟု ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း နှင့် စီ ရင် သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible27 မောရှေကလည်း၊ လူတိုင်းဓားလွယ်လျက် တပ်တစ်မျက်နှာတံခါးမှ တစ်မျက်နှာ တံခါးတိုင်အောင်ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းကိုသတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အမိန့်ရှိတော်မူသည်ဟု၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 မောရှေက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘လူအသီးသီး မိမိနံဘေး၌ ဓားကိုဆောင်လျက် တပ်စခန်းအဝင်ဝမှ တပ်စခန်းတစ်လျှောက် အဆုံးတိုင်အောင် ခေါက်တုံ့ခေါက်ပြန်သွားလော့။ လူအသီးသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းတို့ကို သတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မောရှေကလေဝိအမျိုးသားတို့ အား``ယနေ့တွင်သင်တို့သည်မိမိ၏သား ရင်းညီအစ်ကိုရင်းတို့ကိုသတ်ခြင်းအား ဖြင့်၊ ထာဝရဘုရား၏အမှုတော်ကိုဆောင် ရန်ယဇ်ပုရောဟိတ်များအဖြစ်မိမိတို့ ကိုယ်ကိုဆက်ကပ်ကြပြီ။ ထို့ကြောင့်ထာဝရ ဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပြီ'' ဟုဆို၏။
ယေဟုသည်ပူဇော်သကာများကိုဆက်သ ပြီးသည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများ နှင့်တပ်မှူးတို့အား``ဝင်၍ထိုသူအပေါင်းကို သတ်လော့။ တစ်ဦးတစ်ယောက်မျှမလွတ်သွား စေနှင့်'' ဟုပြော၏။ သူတို့သည်ဋ္ဌားလွတ်များ ကိုင်ဆောင်ကာ ထိုသူတို့ကိုသတ်ပြီးလျှင် အလောင်းများကိုအပြင်သို့ဆွဲထုတ်ကြ ၏။ ထိုနောက်သူတို့သည်ဗာလဗိမာန်အတွင်း ခန်းသို့ဝင်၍၊-