ဣသရေလအမျိုးသားတို့သည်ဥပုသ်နေ့ ကို ပဋိညာဉ်၏အထိမ်းအမှတ်အဖြစ်စောင့် ထိန်းရမည်။ ငါထာဝရဘုရားသည်ခြောက် ရက်တွင်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်း ၍၊ သတ္တမနေ့၌အလုပ်မှနားတော်မူသည် ဖြစ်သောကြောင့်၊-
မု ချ သေ ဒဏ် ခံ စေ။ သို့ ဖြစ်၍ ဣ သ ရေ လ အ မျိုး သား တို့ သည် အ စဉ် အ ဆက် မ ပြတ် ထာ ဝ ရ ပ ဋိ ညာဉ် ဖြစ် စေ ခြင်း ငှါ ဥပုသ် နေ့ ကို စောင့် ရှောက် ကြ ရ မည်။
သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှာ၊ ဥပုသ်နေ့ရက်အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။
အစ္စရေးအမျိုးသားတို့သည် ဥပုသ်နေ့ကိုအလေးထားရမည်။ ထာဝရပဋိညာဉ်အဖြစ် သူတို့၏မျိုးဆက်အစဉ်အဆက် ဥပုသ်နေ့ကိုစောင့်ထိန်းရမည်။
ယခုမှစ၍သင့်အိမ်၌ပေါက်ဖွားသောကျွန် များနှင့် တစ်ခြားအမျိုးသားတို့ထံမှဝယ်ယူ သောကျွန်များအပါအဝင် ရှစ်ရက်အရွယ်ရှိ သားယောကျာ်းတိုင်းကိုအရေဖျားလှီးခြင်း မင်္ဂလာစီရင်ပေးရမည်။ ဤအရေဖျား လှီးခြင်းမင်္ဂလာသည် သင်တို့နှင့်ငါပြုရ သောပဋိညာဉ်ကိုပြသခြင်းဖြစ်သည်။-
မိုးတိမ်ထဲ၌ငါ၏သက်တံ့ကိုပေါ်စေမည်။ ထိုသက်တံသည်ကမ္ဘာလောကနှင့်ငါပြုသောပဋိညာဉ်၏လက္ခဏာသက်သေဖြစ်လိမ့်မည်။-
ထိုကာလယုဒပြည်သူအချို့တို့သည် ဥပုသ် နေ့၌စပျစ်သီးများနယ်လျက်နေကြသည် ကိုလည်းကောင်း၊ အချို့တို့သည်ဂျုံစပါး၊ စပျစ်ရည်၊ စပျစ်သီး၊ သဖန်းသီးအစရှိ သည်တို့ကို မိမိတို့၏မြည်းများပေါ်တင်ပြီး လျှင်ယေရုရှလင်မြို့သို့သယ်ဆောင်လျက် နေကြသည်ကိုလည်းကောင်းငါမြင်၏။ သို့ ဖြစ်၍ဥပုသ်နေ့တွင်မည်သည့်အရာကို မျှမရောင်းချရန်သူတို့အားငါသတိ ပေး၏။-
သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်လုပ် ခွင့်ရှိသည်။ သို့ရာတွင်သတ္တမနေ့သည်ထာဝရ ဘုရားအတွက်ဆက်ကပ်ထားသောနားရက် ဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူကို သေဒဏ်စီရင်ရမည်။-
ဥပုသ်နေ့သည်ငါနှင့်ဣသရေလအမျိုး သားတို့ပြုသောပဋိညာဉ်၏ထာဝရ အထိမ်းအမှတ်ဖြစ်သတည်း'' ဟုမိန့် တော်မူ၏။
ထာဝရဘုရားက``အကယ်၍သင်တို့သည် ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့်နေ့အ ဖြစ်ထားရှိလျက်၊ ထိုနေ့၌ကိုယ်ကျိုးရှာလုပ် ငန်းများကိုရှောင်ရှားကြမည်ဆိုလျှင်လည်း ကောင်း၊ အကယ်၍သင်တို့သည်မိမိနှစ်သက် သောခရီးသွားခြင်း၊ နှစ်သက်သောအလုပ် လုပ်ခြင်း၊ သို့မဟုတ်အကျိုးမရှိသောစကား များကိုပြောဆိုခြင်းတို့ကိုရှောင်ကြဉ်၍၊ ငါ၏ မြင့်မြတ်သန့်ရှင်းသည့်နေ့တော်ကိုနှစ်သက် လျက် တန်ဖိုးထားကာရိုသေလေးစားကြ မည်ဆိုလျှင်လည်းကောင်း၊-
သူတို့သည်ဇိအုန်မြို့သို့သွားရာလမ်းကို မေးမြန်းစုံစမ်းလျက် ထိုမြို့သို့ရှေ့ရှု၍ သွားကြလိမ့်မည်။ သူတို့သည်ထာဝရ ဘုရားနှင့်ထာဝစဉ်ပဋိညာဉ်ဖွဲ့ပြီးလျှင် ထိုပဋိညာဉ်ကိုအဘယ်အခါ၌မျှချိုး ဖောက်ကြလိမ့်မည်မဟုတ်။