Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 17:11 - Common Language Bible

11-12 ယ​ခု​မှ​စ​၍​သင့်​အိမ်​၌​ပေါက်​ဖွား​သော​ကျွန် များ​နှင့် တစ်​ခြား​အ​မျိုး​သား​တို့​ထံ​မှ​ဝယ်​ယူ သော​ကျွန်​များ​အ​ပါ​အ​ဝင် ရှစ်​ရက်​အ​ရွယ်​ရှိ သား​ယောကျာ်း​တိုင်း​ကို​အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂ​လာ​စီ​ရင်​ပေး​ရ​မည်။ ဤ​အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​သည် သင်​တို့​နှင့်​ငါ​ပြု​ရ သော​ပဋိ​ညာဉ်​ကို​ပြ​သ​ခြင်း​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အ ရေ ဖျား လှီး ဖြတ် ခြင်း ခံ ရ သော မင်္ဂ လာ သည် သင် တို့ နှင့် ငါ ပြု သော ပ ဋိ ညာဉ်၏ အ မှတ် သ ညာ ဖြစ် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​သည်၊ ငါ​နှင့် သင်​တို့​ပြု​သော​ပ​ဋိ​ညာဉ်၏ လ​က္ခ​ဏာ​သက်​သေ​ဖြစ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင်​တို့​သည် သင်​တို့​၏​ထိပ်ဖုံးအရေပြား​အသား​၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​မည်​။ ၎င်း​သည် ငါ​နှင့်​သင်​တို့​ကြား​၌​ပြု​သော ပဋိညာဉ်​၏​အမှတ်လက္ခဏာ​ဖြစ်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 17:11
9 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့်​တ​ကွ​သက်​ရှိ​သတ္တ​ဝါ​အား​လုံး​တို့​နှင့် ငါ​ထာ​ဝ​စဉ်​ပြု​သော​ပ​ဋိ​ညာဉ်​၏​လက္ခ​ဏာ​သက်​သေ​အ​ဖြစ်​ဖြင့်၊-


ထို​နောက်​ဒါ​ဝိဒ်​သည်​ဣရှ​ဗော​ရှက်​ထံ​စေ​တ​မန် များ​လွှတ်​၍``ငါ​၏​ဇ​နီး​မိ​ခါ​လ​ကို​ပြန်​၍ ပေး​လော့။ ငါ​သည်​သူ့​ကို​ထိမ်း​မြား​နိုင်​ရန် ဖိ​လိတ္တိ​အ​မျိုး​သား​အ​ရေ​ဖျား​တစ်​ရာ​ဖြင့် ဝယ်​ယူ​ခဲ့​ရ​၏'' ဟု​မှာ​ကြား​လိုက်​၏။-


လူ​မျိုး​ခြား​တစ်​ဦး​ဦး​သည်​သင်​နှင့်​အ​တူ နေ​ထိုင်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ပ​သ​ခါ​ပွဲ​တော် တွင်​ပါ​ဝင်​လို​လျှင် သူ​နှင့်​သူ​၏​အိမ်​သား​တို့ ကို​ဦး​စွာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​စေ​ပြီး မှ ထို​သူ​အား​ဣ​သ​ရေ​လ​အ​မျိုး​သား ကဲ့​သို့​သတ်​မှတ်​ကာ​ထို​ပွဲ​တော်​၌​ပါ​ဝင် စေ​နိုင်​၏။ အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ မ​ခံ​သူ​မှန်​သ​မျှ​သည်​ထို​ပွဲ​သို့​ဝင်​၍ မ​စား​ရ။-


ထို​အ​ခါ​သူ​၏​မ​ယား​ဇိ​ပေါ​ရ​သည်​ကျောက် စောင်း​တစ်​ခု​ကို​ယူ​၍ သား​၏​အ​ရေ​ဖျား​ကို ဖြတ်​ပြီး​လျှင်​ထို​အ​ရေ​ဖျား​ဖြင့် မော​ရှေ​၏ ခြေ​တို့​ကို​တို့​လေ​၏။ ထို​နောက်​အ​ရေ​ဖျား လှီး​ဖြတ်​ခြင်း​မင်္ဂ​လာ​ကြောင့် ဇိ​ပေါ​ရ​က``သင် သည်​ကျွန်​မ​၏​တ​ရား​ဝင်​လင်​ယောကျာ်း​ပင် ဖြစ်​၏'' ဟု​ဆို​လေ​၏။-


ထို့​အ​ပြင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ပြု​တော် မူ​ခဲ့​သော​ပ​ဋိ​ညာဉ်​တော်​၏​အ​မှတ်​လက္ခ​ဏာ တစ်​ရပ်​အ​နေ​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​အာ​ဗြ​ဟံ​အား​အပ်​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​သား​ဣ​ဇာက်​ကို​ရ​ပြီး​နောက် ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ကို​ပေး​လေ​၏။ ထို​နည်း​တူ​ဣ​ဇာက် သည်​သား​ယာ​ကုပ်​ကို​လည်း​ကောင်း၊ ယာ​ကုပ် သည်​သား​တစ်​ဆယ့်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​၏။ ယာ​ကုပ် ၏​သား​များ​ကား​လူ​မျိုး​၏​အ​ဖ​တစ်​ဆယ့် နှစ်​ပါး​တည်း။


သူ့​အား​ဘု​ရား​သ​ခင်​ယင်း​သို့​လက်​ခံ​တော်​မူ ပြီး​မှ​အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ ခံ​ရ​၏။ ထို​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကား​ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​၏​ယုံ​ကြည်​မှု​ကို​ထောက် လျက် အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​မီ​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​ကြောင်း​ကို​သက်​သေ​ပြ သော​အ​မှတ်​လက္ခ​ဏာ​ပင်​ဖြစ်​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို မ​ခံ​သော်​လည်း​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​လာ ၏။-


သို့​ဖြစ်​သော​ကြောင့်​သင်​တို့​သည်​ယ​ခု​မှ​စ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ လျက် ခေါင်း​မာ​သော​သ​ဘော​ကို​ပယ်​ရှား​ကြ လော့။-


သို့​ဖြစ်​၍​ယော​ရှု​သည်``အ​ရေ​ဖျား​လှီး​ခြင်း တောင်​ကုန်း'' ဟု​နာ​မည်​တွင်​သည့်​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​စီ​ရင်​ပေး​လေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ