ဦးခေါင်းပေါ်တွင်ခေါင်းပေါင်းကိုတင်၍ `ထာဝရ ဘုရားအား ဆက်ကပ်ထားသည်' ဟုကမ္ပည်းထွင်း ထားသောရွှေပြားကိုခေါင်းပေါင်းပေါ်တွင် ချည်ရမည်။-
ကိုယ် ဝတ် ရင် စည်း ဖြင့် စည်း ပတ် ခြင်း၊ ဦး ခေါင်း ပေါ် မှာ ဗောင်း ဆင် ခြင်း၊ ဗောင်း ၌ သန့် ရှင်း သော သင်း ကျစ် တပ် ခြင်း များ ကို ပြု ပြီး မှ၊
သူ၏ခေါင်းပေါ်မှာ ဗောင်းကိုတင်၍၊ ဗောင်း၌သန့်ရှင်းသောသင်းကျစ်ကို တပ်ရမည်။
သူ၏ခေါင်းပေါ်၌ ခေါင်းပေါင်းကိုဆောင်းပေး၍ သန့်ရှင်းသောသရဖူကို ခေါင်းပေါင်းပေါ်၌တပ်ရမည်။
ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။-
အာရုန်၏ဦးခေါင်းပေါ်တွင်ဗောင်းထုပ်ကိုတင်၍ ထာဝရဘုရားအားဆက်ကပ်သည့်အထိမ်း အမှတ်ဖြစ်သောရွှေသင်းကျစ်ကိုထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်းဗောင်း ထုပ်ရှေ့တွင်တပ်ဆင်ပေး၏။
သူသည်မိမိ၏အစေအပါးတို့အားယောရှု ၏ဦးခေါင်းထက်တွင်ဖြူစင်သန့်ရှင်းသည့် ပေါင်းထုပ်တစ်ခုကိုတပ်ဆင်ပေးရန်ခိုင်းစေ သဖြင့် ထိုသူတို့သည်လည်းယင်းသို့ခိုင်း စေသည့်အတိုင်းပြုကြ၏။ ထိုနောက်သူတို့ သည်ယောရှုအားအဝတ်သစ်များကိုဝတ် ဆင်ပေးကြ၏။ ထာဝရဘုရား၏ကောင်း ကင်တမန်သည်လည်းအနီးတွင်ရပ်လျက် နေ၏။