Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 3:5 - Common Language Bible

5 သူ​သည်​မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ယော​ရှု ၏​ဦး​ခေါင်း​ထက်​တွင်​ဖြူ​စင်​သန့်​ရှင်း​သည့် ပေါင်း​ထုပ်​တစ်​ခု​ကို​တပ်​ဆင်​ပေး​ရန်​ခိုင်း​စေ သ​ဖြင့် ထို​သူ​တို့​သည်​လည်း​ယင်း​သို့​ခိုင်း စေ​သည့်​အ​တိုင်း​ပြု​ကြ​၏။ ထို​နောက်​သူ​တို့ သည်​ယော​ရှု​အား​အ​ဝတ်​သစ်​များ​ကို​ဝတ် ဆင်​ပေး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​သည်​လည်း​အ​နီး​တွင်​ရပ်​လျက် နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် အ နီး၌ ရပ် နေ စဉ်၊ စင် ကြယ် သော ဗောင်း နှင့် သင်္ကန်း စုံ ကို ဆောင်း ဝတ် စေ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ငါ​က​လည်း၊ စင်​ကြယ်​သော​ပေါင်း​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်​ကြ​စေ​ဟု ဆို​သည်​အ​တိုင်း၊ စင်​ကြယ်​သော​ပေါင်း​ကို သူ၏​ခေါင်း​ပေါ်​မှာ တင်၍ အ​ဝတ်​ကို ဝတ်​စေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​လည်း အ​နား​မှာ ရပ်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ​က​လည်း “​သူ​၏​ခေါင်း​ပေါ်တွင် သန့်ရှင်း​သော​ခေါင်းပေါင်း​ကို​လည်း ပေါင်း​ပေး​ပါ”​ဟု​ဆို​လျှင် သူ​တို့​က သူ​၏​ခေါင်း​ပေါ်တွင် သန့်ရှင်း​သော​ခေါင်းပေါင်း​ကို ပေါင်း​ပေး​ပြီး အဝတ်​ကို​လည်း ဝတ်​ပေး​ကြ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည်​လည်း အနား​တွင် ရပ်​လျက်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 3:5
13 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ် ဆင်၏။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ်၏။


ဦး​ခေါင်း​ပေါ်​တွင်​ခေါင်း​ပေါင်း​ကို​တင်​၍ `ထာ​ဝ​ရ ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟု​ကမ္ပည်း​ထွင်း ထား​သော​ရွှေ​ပြား​ကို​ခေါင်း​ပေါင်း​ပေါ်​တွင် ချည်​ရ​မည်။-


ယေ​ရု​ရှ​လင်​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ရ​လိမ့်​မည်။ သူ​သည်​မ​င်္ဂ​လာ​ဆောင်​ပွဲ​အ​တွက်​ဝတ်​စား တန်​ဆာ​ဆင်​ထား​သည့်​သ​တို့​သ​မီး​နှင့်​တူ​၏။ ဘု​ရား​သ​ခင်​သည်​သူ့​ကို​ကယ်​တင်​ခြင်း​နှင့် အောင်​မြင်​ခြင်း တို့​ဖြင့်​တန်​ဆာ​ဆင်​ပေး​တော်​မူ​ပါ​၏။


ယဇ်​ပု​ရော​ဟိတ်​များ​သည်​ဗိ​မာန်​တော်​ထဲ သို့​ရောက်​ရှိ​ကြ​ပြီး​နောက်​တံ​တိုင်း​အ​ပြင် ဝင်း​သို့​ပြန်​၍​ထွက်​လို​ကြ​သော​အ​ခါ မိ​မိ တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက် နေ​စဉ်​ဝတ်​ဆင်​ထား​သော​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ဝတ်​တို့​ကို ဤ​အ​ခန်း​များ​တွင်​ချွတ် ထား​ခဲ့​ရ​ကြ​၏။ သူ​တို့​သည်​လူ​တို့​စု​ဝေး ရာ​အ​ရပ်​သို့​ထွက်​ခွာ​၍​မ​သွား​မီ​အ​ဝတ် များ​ကို​လဲ​ရ​ကြ​လေ​သည်။


ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ယော​ရှု​အား၊-


သူ​တို့​ပေး​လှူ​ထား​သည့်​ရွှေ​ငွေ​များ​ဖြင့် သ​ရ​ဖူ​တစ်​ခု​ကို​ပြု​လုပ်​၍ ယော​ဇ​ဒက် ၏​သား​ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​၏ ဦး​ခေါင်း​ကို​ဆောင်း​ပေး​လော့။-


အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည်​ပလ္လင် ပေါ်​တွင်​စံ​တော်​မူ​၍ ကမ္ဘာ​အ​ဆက်​ဆက်​အ​သက် ရှင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​ကြ​ကုန်​၏။ သူ​တို့​သည်​ပလ္လင်​တော်​ရှေ့​တွင် မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို​ချ​လျက်


ထို​ပလ္လင်​၏​ပတ်​လည်​တွင်​အ​ခြား​ပလ္လင်​နှစ်​ဆယ့်​လေး ခု​ကို​ငါ​တွေ့​မြင်​ရ​၏။ ထို​ပလ္လင်​များ​အ​ပေါ်​တွင် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​ထိုင်​လျက်​နေ​၏။ သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ်​များ​ကို​ဝတ်​လျက်​ရွှေ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ