သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
ထွက်မြောက် 27:16 - Common Language Bible တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။- Garrad Bible တံ တိုင်း တံ ခါး ဖြစ် ရန် ပိုး လျှော် မှ စ၍ အ ပြာ အ မောင်း အ နီ ချည် များ နှင့် အ လျား အ တောင် နှစ် ဆယ် ရှိ သော ပန်း ထိုး ကန့် လန့် ကာ ကို လုပ် ၍ တိုင် လေး လုံး၊ အောက် ခံ ခုံ လေး ခု ရှိ စေ လော့။ Judson Bible ဝင်းတံခါးဝ၌ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ချယ်လှယ်သော ကုလားကာအတောင်နှစ်ဆယ်နှင့်တကွ တိုင်လေးတိုင် ခြေစွပ်လေးခုရှိရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဝင်းအဝင်ဝကိုကာရန် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ပေါ်တွင် ပန်းထိုးထားသော အတောင်နှစ်ဆယ်ရှိသည့်လိုက်ကာနှင့်တကွ လိုက်ကာအတွက် တိုင်လေးတိုင်၊ တိုင်အောက်ခံအစွပ်လေးခု လုပ်ရမည်။ |
သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
``အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး နှင့်ချည်ချောဖြင့် ရက်သောကန့်လန့်ကာကိုပြု လုပ်လော့။ ကန့်လန့်ကာတွင်ခေရုဗိမ်ရုပ်များ ကိုပန်းဖော်ထားရမည်။-
``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။-
``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍၊ ပန်းပေါက်ဖော် ထားသည်။-
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။-
တဲတော်ဝင်းကိုကာရံထားသောကန့်လန့်ကာ များနှင့်တဲတော်ဝင်းတံခါးရှိကန့်လန့်ကာ ကိုထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကိုထိန်း သိမ်းစောင့်ရှောက်ရကြသည်။