ဘေးအန္တရာယ်ရောက်သည့်ကာလ ငါ့အားကိုယ်တော်ကွယ်ကာစောင့်ရှောက်၍ ထားတော်မူလိမ့်မည်။ ဗိမာန်တော်တွင်လုံခြုံစွာထားတော်မူလိမ့်မည်။ ဘေးကင်းစေရန်ကျောက်ဆောင်မြင့်ပေါ်မှာတင်၍ ထားတော်မူလိမ့်မည်။
ထွက်မြောက် 26:14 - Common Language Bible ``အမိုးနှစ်ထပ်ထပ်မံ၍ပြုလုပ်ရမည်။ တစ် ထပ်ကိုအနီရောင်ဆိုးသောသိုးထီးသားရေ ဖြင့်ပြုလုပ်ရမည်။ အပေါ်ဆုံးအထပ်ကို သားရေချောဖြင့်ပြုလုပ်ရမည်။ Garrad Bible အ နီ ဆိုး သော သိုး ရေ ဖြင့် တဲ အ ပေါ် ထပ် မိုး ကို လည်း ကောင်း၊ ဖျံ ရေ ဖြင့် အ ပြင် ထပ် မိုး ကို လည်း ကောင်း လုပ် လော့။ Judson Bible အပေါ်တဲဖုံးအုပ်ဖို့ အနီဆိုးသောသိုးရေကိုလည်းကောင်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကိုလည်းကောင်းလုပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း တဲတော်၏အမိုးကို အနီရောင်ဆိုးထားသောသိုးထီးသားရေဖြင့် လုပ်ရမည်။ ထိုအပေါ်ထပ်မိုးရန်အမိုးကို တဟာရှသားရေဖြင့် လုပ်ရမည်။ |
ဘေးအန္တရာယ်ရောက်သည့်ကာလ ငါ့အားကိုယ်တော်ကွယ်ကာစောင့်ရှောက်၍ ထားတော်မူလိမ့်မည်။ ဗိမာန်တော်တွင်လုံခြုံစွာထားတော်မူလိမ့်မည်။ ဘေးကင်းစေရန်ကျောက်ဆောင်မြင့်ပေါ်မှာတင်၍ ထားတော်မူလိမ့်မည်။
အထည်အလျားတစ်ဘက်တစ်ချက်တွင်ပို ထွက်နေသည့်ကိုက်တစ်ဝက်ကို တဲတော်၏ ဘေးဘက်၌တွဲကျစေရမည်။
အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချော၊ ဆိတ်မွေးထည်၊ အနီဆိုးသိုးထီးသား ရေ၊ သားရေချောပိုင်ရှင်အပေါင်းတို့သည်၊ ထို ပစ္စည်းများကိုယူဆောင်လာကြ၏။-
ထပ်မံ၍အမိုးနှစ်ထပ်ကိုပြုလုပ်ကြ၏။ တစ်ထည်ကိုအနီရောင်ဆိုးသောသိုးထီး သားရေဖြင့်လည်းကောင်း၊ ထိုအပေါ်တွင် ဖြန့်အုပ်ရန်အထပ်ကိုသားရေချောဖြင့် လည်းကောင်း၊ ပြုလုပ်ကြ၏။
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
ကိုယ်တော်၏ဘုန်းအသရေတော်သည်မြို့ တော်ကို နေ၏အပူရှိန်မှကာကွယ်၍ မိုးသက် မုန်တိုင်း၏ဒဏ်နှင့်ကင်းဝေးစေပြီးလျှင် ဘေးမဲ့လုံခြုံရာဖြစ်စေတော်မူလိမ့်မည်။
သင့်အားပန်းထိုးထည်အဝတ်အစားများ ကိုဝတ်ဆင်စေ၍ အကောင်းဆုံးသားရေဖိနပ် ကိုစီးစေ၏။ ပိတ်ချောထည်ဖြင့်လည်းတန်ဆာ ဆင်စေ၍ အဖိုးတန်ဝတ်လုံများကိုဝတ်စေ၏။-
မီးခုံတိုင်နှင့်ဆိုင်ရာပစ္စည်းအားလုံးတို့ကို နူးညံ့သောသားရေထည်ဖြင့်ထုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။
ထာဝရဘုရားသည်မောရှေအားအောက်ပါ ညွှန်ကြားချက်များကိုပေးတော်မူ၏။ စခန်း သိမ်းချိန်ရောက်လျှင်အာရုန်နှင့်သူ၏သားတို့ သည်တဲတော်ထဲသို့ဝင်၍ ပဋိညာဉ်သေတ္တာ တော်ရှေ့တွင်ရှိသောကန့်လန့်ကာကိုဖြုတ် ပြီးလျှင်၎င်းနှင့်သေတ္တာတော်ကိုအုပ်ရမည်။-