တောင်ပေါ်တွင်သင့်အားငါပြသောပုံစံနှင့် အညီပြုလုပ်ရန်သတိပြုလော့။
တောင် ပေါ် မှာ သင့် အား ပြ သော ပုံ စံ နှင့် အ ညီ လုပ် ရန် သ တိ ပြု လော့။
တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာလုပ်ခြင်းငှာ သတိပြုရမည်။
တောင်ပေါ်၌ သင့်အား ငါပြခဲ့သည့် ထိုအရာတို့၏ပုံစံအတိုင်း လုပ်ရန်သတိပြုရမည်။
ဒါဝိဒ်သည်ဗိမာန်တော်ဆိုင်ရာအဆောက် အအုံရှိသမျှတို့၏ပုံစံများကိုလည်း ကောင်း၊ ပစ္စည်းသိုလှောင်ရာမှစ၍အခြား အခန်းအပေါင်းနှင့်အပြစ်ဖြေလွှတ်ရာ မြင့်မြတ်သန့်ရှင်းရာဌာနတော်၏ပုံစံကို လည်းကောင်းရှောလမုန်အားပေးအပ်တော် မူ၏။-
ဒါဝိဒ်မင်းက``ဤအရာအားလုံးတို့သည် ထာဝရဘုရားကိုယ်တော်တိုင် ငါ့အားဆောင် ရွက်ရန်ညွှန်ကြားတော်မူသည်အတိုင်းရေး ဆွဲထားခြင်းဖြစ်သည်'' ဟုမိန့်တော်မူ၏။
သူတို့သည်ပြဋ္ဌာန်းသတ်မှတ်ထားသည့်ပုံစံ နှင့်အညီရွှေမီးတင်ခုံဆယ်ခုနှင့်စားပွဲဆယ် လုံးကိုပြုလုပ်၍ ဗိမာန်တော်ခန်းမဆောင်တွင် လက်ယာဘက်၌ငါးလုံး၊ လက်ဝဲဘက်၌ငါး လုံးထားကြ၏။ ရွှေဖလားတစ်ရာကိုလည်း ပြုလုပ်ကြ၏။
ဆီမီးတိုင်နှင့်ကိရိယာတန်ဆာရှိသမျှတို့ ကိုရွှေခုနစ်ဆယ့်ငါးပေါင်အချိန်ဖြင့်ပြု လုပ်ရမည်။-
တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
သင့်အားတောင်ပေါ်မှာပြသောပုံစံအတိုင်း တဲတော်ကိုတည်ဆောက်ရမည်။
တောင်ပေါ်တွင်ငါပြသောပုံစံအတိုင်းယဇ်ပလ္လင် ကို ဟင်းလင်းပေါက်ဖြစ်စေရန်ပျဉ်ပြားဖြင့်ပြု လုပ်ရမည်။
ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်အတွက် မွှေးကြိုင်သောနံ့သာပေါင်းတို့ကိုပြုလုပ်နိုင် ကြလိမ့်မည်။ ငါသည်သင့်အားမိန့်မှာသည့် အတိုင်းသူတို့သည် ဤအရာများကိုပြု လုပ်ရမည်'' ဟုမိန့်တော်မူ၏။
မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။-
ထာဝရဘုရားကမောရှေအားပြတော်မူ သောပုံစံအတိုင်း မီးခုံတိုင်တစ်ခုလုံးကို အောက်ခြေမှအထက်ထိရွှေဖြင့်ထုလုပ် ထားလေသည်။
``တောကန္တာရတွင်ငါတို့ဘိုးဘေးများ၌ ဘုရားသခင်ကျိန်းဝပ်တော်မူရာတဲတော် ရှိ၏။ မောရှေအားဘုရားသခင်ပြတော်မူ သည့်ပုံစံနှင့်အညီ ထိုတဲတော်ကိုတည် ဆောက်ခဲ့၏။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
အကယ်၍ပြောခဲ့သည်ရှိသော်ငါတို့၏ အဆက်အနွယ်တို့က`ကြည့်လော့၊ ငါတို့၏ ဘိုးဘေးတို့သည်ထာဝရဘုရား၏ယဇ်ပလ္လင် ကဲ့သို့သောယဇ်ပလ္လင်တစ်ခုကိုတည်ခဲ့ကြ၏။ ထိုယဇ်ပလ္လင်သည်မီးရှို့ရာသကာအစရှိ သောသကာများကိုပူဇော်ဆက်သရန် မဟုတ်။ သင်တို့၏လူစုနှင့်ငါတို့၏လူစု အတွက်သက်သေအထိမ်းအမှတ်သာဖြစ် သည်' ဟုပြန်ပြောနိုင်လိမ့်မည်ဟူ၍ထင် မြင်ယူဆပါသည်။-