ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
ထွက်မြောက် 25:20 - Common Language Bible ခေရုဗိမ်များ၏ဖြန့်ထားသောအတောင်များ သည် သေတ္တာအဖုံးကိုဖြန့်မိုးထားစေရမည်။ သူတို့သည်မျက်နှာချင်းဆိုင်၍သေတ္တာဖုံးကို ကြည့်နေစေရမည်။- Garrad Bible ထို ခေ ရု ဗ နှစ် ပါး တို့ သည် မျက် နှာ ချင်း ဆိုင် ပ လ္လင် တော် ကို ရှု ကြည့် ဟန်၊ အ တောင် ဖြင့် ပ လ္လင် တော် ကို ဖြန့် မိုး လျက် ရှိ စေ။ Judson Bible ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာချင်းဆိုင်၍၊ သေတ္တာဖုံးကိုရှုလျက်၊ မိမိအတောင်ကိုဖြန့်၍ သေတ္တာဖုံးကိုမိုးရမည်။ မြန်မာ့စံမီသမ္မာကျမ်း ခေရုဗိမ်တို့သည် အတောင်များကို အထက်သို့ဖြန့်လျက်၊ သူတို့၏အတောင်များဖြင့် ကရုဏာတော်ပလ္လင်ကိုအုပ်မိုးလျက်၊ တစ်ပါးနှင့်တစ်ပါးမျက်နှာချင်းဆိုင်လျက် ရှိရမည်။ ခေရုဗိမ်တို့သည် ကရုဏာတော်ပလ္လင်ဘက်သို့ မျက်နှာမူရမည်။ |
ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
ခေရုဗိမ်တို့ဖြန့်ထားသည့်အတောင်နှစ်ခုတို့ သည် နံရံများနှင့်ထိ၍နေကြစေရန်ခေရုဗိမ် နှစ်ပါးကိုယှဉ်၍ အလွန်သန့်ရှင်းရာဌာန၌ ထားရှိ၏။-
ခေရုဗိမ်တို့၏အတောင်များသည်ပဋိညာဉ် သေတ္တာအပေါ်သို့ဖြန့်လျက် သေတ္တာတော်နှင့် ထမ်းပိုးများကိုပါလွှမ်းမိုးထားလေသည်။-
နံ့သာပေါင်းကိုမီးရှို့ရာယဇ်ပလ္လင်အတွက် နှင့်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကို အတောင်ဖြင့်လွှမ်းမိုးထားသော ခေရုဗိမ်များကသည့်ရထားအတွက် ရွှေစင်မည်မျှအသုံးပြုရမည်ကိုညွှန် ကြားတော်မူ၏။-
မင်းကြီးသည်မိမိ၏လက်မှုပညာသည်တို့ အားခေရုဗိမ်နှစ်ပါးရုပ်များကိုထုလုပ်စေ ၍ ရွှေနှင့်မွမ်းမံကာအလွန်သန့်ရှင်းရာဌာန တော်တွင်ထားရှိစေတော်မူ၏။-
အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
ငါသည်သင့်ကိုအစောင့်ကောင်းကင်တမန် တစ်ပါးအဖြစ်ဘိသိက်ပေး၏။ သင်သည် ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော် ပေါ်တွင်နေ၍ အရောင်လက်သောကျောက် မျက်ရတနာများအလယ်တွင်သွားလာ ရ၏။-
ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။
အမှန်အကန်သင်တို့အားငါဆိုသည်ကား ကောင်းကင်ပွင့်လျက် လူသားအပေါ်တွင်ဘုရား သခင်၏ကောင်းကင်တမန်များဆင်းလျက် တက်လျက်နေကြသည်ကိုသင်တို့မြင်ရ ကြလတ္တံ့' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ကောင်းကင်တမန်များကိုထောက် သောအားဖြင့် အမျိုးသမီးသည်မိမိအပေါ် အမျိုးသားအုပ်စိုးခြင်းကိုဖော်ပြရန်မိမိ ဦးခေါင်းကိုအုပ်သင့်၏။-
လူထုအားထုတ်ပြရာတွင်သေဒဏ်သင့် သူများအားနောက်ဆုံးမှလိုက်ပါစေသကဲ့ သို့ ဘုရားသခင်သည်လူတို့နှင့်ကောင်းကင် တမန်တို့ရှုစားကြစေရန် ငါတို့တမန် တော်များအားနောက်ဆုံးနေရာတွင်ထား တော်မူသည်ဟုငါထင်မှတ်၏။-
ဤသို့ပြုတော်မူခြင်းမှာကောင်းကင်လောက ကိုအစိုးရသူများနှင့်အာဏာပိုင်များသည် ကိုယ်တော်၏အထူးထူးအပြားပြားသော ဉာဏ်ပညာတော်ကို ယခုအခါ၌အသင်း တော်အားဖြင့်သိလာကြစေရန်ပင်ဖြစ် ပေသည်။-
သင်တို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့် ကြွယ်ဝသောအသက်ကိုရရှိ ကြ၏။ ထိုအရှင်ကားဝိညာဉ်ရေးဆိုင်ရာတန်ခိုး ရှင်များနှင့်အာဏာပိုင်အပေါင်းတို့ကိုအစိုးရ တော်မူသတည်း။
ထိုသို့ဖြစ်ပါမူ၊ ကောင်းကင်တမန်များမှာ အဘယ်သို့သောသူများနည်း။ သူတို့သည် ကယ်တင်ခြင်းခံရမည့်သူတို့အားကူညီ မစရန် ဘုရားသခင်စေလွှတ်တော်မူသည့် အစေခံဝိညာဉ်များဖြစ်ပေသည်။
သေတ္တာတော်ပေါ်တွင်ခေရုဗိမ်ရုပ်များရှိ၏။ ခေရု ဗိမ်တို့သည်ဘုရားသခင်ကိန်းဝပ်တော်မူခြင်းကို သရုပ်ဆောင်ကြ၏။ သူတို့၏အတောင်များသည် အပြစ်ဖြေရာပလ္လင်ကိုဖြန့်လျက်နေ၏။ ထိုအရာ များကိုယခုအသေးစိတ်ဖော်ပြရန်မလိုပေ။
ထိုသူတို့ယင်းအကြောင်းအရာများကိုဟော ပြောကြသည်မှာမိမိတို့အကျိုးအတွက် မဟုတ်။ သင်တို့အကျိုးအတွက်ဖြစ်ကြောင်း သင်တို့အားဘုရားသခင်ဖော်ပြတော်မူ ပေသည်။ သင်တို့ထံသတင်းကောင်းကိုယူ ဆောင်လာသူများသည်ထိုပရောဖက်တို့ ကြိုတင်ဟောပြောသည့်အကြောင်းအရာ များကို ကောင်းကင်ဘုံမှသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးအားဖြင့်သင်တို့ အားဖော်ပြကြေညာသဖြင့်သင်တို့ကြား ရကြပြီ။ ထိုအရာများအကြောင်းကို ကောင်းကင်တမန်များပင်လျှင်သိရှိ နားလည်လိုကြပေသည်။
ထိုသခင်သည်ကောင်းကင်ဘုံသို့ဝင်တော်မူ ၍ ယခုအခါဘုရားသခင်လက်ယာတော် ဘက်တွင်ရှိတော်မူပြီးလျှင်ကောင်းကင်တမန် များ၊ ကောင်းကင်အာဏာပိုင်များနှင့်တန်ခိုး ရှင်များကိုအုပ်စိုး၍နေတော်မူ၏။