ထွက်မြောက် 25:12 - Common Language Bible သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။- Garrad Bible ရွှေ လေး ကွင်း ကို သွန်း လုပ်၍ သေ တ္တာ တော်ခြေ လေး ချောင်း၌ နံ ဘေး တစ် ဘက် နှစ် ကွင်း စီ၊ တပ် ထား လော့။ Judson Bible ရွှေလေးကွင်းကိုသွန်း၍၊ သေတ္တာလေးထောင့်၌ တစ်မျက်နှာနှစ်ကွင်းစီ တပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ရမည်။ |
စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ်ယူ ရန် ရွှေကွင်းလေးကွင်းတပ်ထားရမည်။-
ဘောင်ခွေများကိုရွှေချရမည်။ ကန့်လန့်ကျင်များ ကိုလည်းရွှေချရမည်။ ကန့်လန့်ကျင်များကို လျှိုရန်ရွှေကွင်းများတပ်ထားရမည်။-
ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
သေတ္တာတော်ကိုထမ်းရန်ထမ်းပိုးများကို သေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုသွင်း ထားလေသည်။-
ထမ်းပိုးများကိုပလ္လင်နံဘေးနှစ်ဘက်ရှိ ကွင်းများတွင်လျှိုထား၏။ ပလ္လင်ကိုဟင်း လင်းဖြစ်စေရန်၊ ပျဉ်ဖြင့်စပ်လုပ်၏။
ရွှေပန်းထည်နှစ်ခုနှင့်ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ရွှေကွင်းနှစ်ကွင်းကိုရင်ဖုံးအထက် ထောင့်များတွင်တပ်ဆင်ကြ၏။-