သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
ထွက်မြောက် 24:2 - Common Language Bible သင်တစ်ယောက်တည်းသာငါ့အနီးသို့ချဉ်းကပ် ရမည်။ အခြားသောသူတို့သည်ငါ့အနီးသို့ မချဉ်းကပ်စေရ။ လူထုမူကားတောင်ပေါ်သို့ မတက်ရ'' ဟုမိန့်တော်မူ၏။ Garrad Bible မော ရှေ တစ် ယောက် တည်း သာ ငါ ထာ ဝ ရ ဘု ရား ထံ ချဉ်း ကပ် ရာ အ ခြား သူ တို့ ကား မ ချဉ်း မ ကပ်၊ လူ မျိုး လည်း မ လိုက် မ တက် ကြ ရ ဟု မိန့် တော် မူ သည့် အ လျောက်၊ Judson Bible သင်တစ်ယောက်တည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသောသူ မချဉ်းမကပ်ရ။ လူများတို့သည် သင်နှင့်အတူမတက်ရကြဟု မောရှေအားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေတစ်ဦးတည်းသာ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်ရမည်။ အခြားသူတို့မူကား မချဉ်းကပ်ရ။ လူထုတို့သည် မောရှေနှင့်အတူ မတက်လာရ”ဟု မိန့်တော်မူ၏။ |
သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
ထာဝရဘုရားကမောရှေအား``သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်ခုနစ်ဆယ်တို့ကို ခေါ်ဆောင်၍ ထာဝရဘုရားထံတော်၊ တောင် ပေါ်သို့တက်လာလော့။ သင်တို့သည်ခပ်လှမ်း လှမ်းနေရာမှငါ့အားပျပ်ဝပ်ကိုးကွယ် ကြလော့။-
ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။-
မောရှေသည်တောင်ပေါ်သို့တက်သွားသောအခါ မိုးတိမ်သည်တောင်ကိုဖုံးလွှမ်းလေ၏။-
ထိုအခါမောရှေသည်မိုးတိမ်ဖုံးအုပ်နေသော တောင်ထိပ်ပေါ်သို့တက်သွားလေသည်။ သူသည် တောင်ထိပ်ပေါ်တွင်အရက်လေးဆယ်ပတ်လုံး ရှိနေ၏။
မောရှေသည်ဣသရေလအမျိုးသားတို့ထံသို့ ပြန်လာ၍၊ ထာဝရဘုရားပညတ်သမျှနှင့် စီရင်တော်မူချက်အလုံးစုံတို့ကိုပြောကြား လေ၏။ လူအပေါင်းတို့က``အကျွန်ုပ်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း လိုက်နာဆောင်ရွက်ပါမည်'' ဟုတညီတညွတ် တည်းဆိုကြ၏။-
သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်ယော်ဒန်မြစ်တစ်လျှောက်ရှိထူထပ် သောတောအုပ်ထဲမှ စိမ်းလန်းသောမြက်ခင်း ပြင်သို့ထွက်လာသည့်ခြင်္သေ့ကဲ့သို့ထွက်လာ ပြီးလျှင် ဧဒုံအမျိုးသားတို့အားမိမိတို့ ပြည်မှထွက်ပြေးစေမည်။ ထိုနောက်ငါသည် ထိုနိုင်ငံကိုအုပ်စိုးရန်မင်းတစ်ပါးအား ရွေးချယ်ခန့်ထားမည်။ ငါနှင့်အဘယ်သူ ကိုနှိုင်းယှဉ်၍ရမည်နည်း။ အဘယ်သူသည် ငါနှင့်အံတုဖက်ပြိုင်ဝံ့မည်နည်း။ အဘယ် မည်သောမင်းသည်ငါ့အားအတိုက်အခံ ပြုနိုင်မည်နည်း။-
ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
စစ်မှန်သောသန့်ရှင်းရာဌာနတော်၏ပုံတူဖြစ် သောလူတို့လက်ဖြင့်တည်ဆောက်သည့်သန့်ရှင်း ရာဌာနတော်သို့ ခရစ်တော်သည်ဝင်တော်မူ သည်မဟုတ်ဘဲကောင်းကင်ဘုံသို့ဝင်တော်မူ၍ ငါတို့ကိုယ်စားဘုရားသခင်၏ရှေ့တော် မှောက်သို့ရောက်ရှိတော်မူ၏။-