ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
ထွက်မြောက် 24:11 - Common Language Bible ဘုရားသခင်သည်ဣသရေလအမျိုးသားခေါင်း ဆောင်တို့အားဘေးဥပဒ်ရောက်စေတော်မမူ။ သူတို့သည် ဘုရားသခင်အားဖူးမြင်ပြီး နောက်အတူတကွစားသောက်ကြ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား ထို အ ကြီး အ မှူး တို့ ကို လက် ရုံး ရှိန် ထိ စေ တော် မ မူ။ သူ တို့ သည် ဘု ရား သ ခင် ကို ဖူး မြင် ပြီး မှ စား သောက် ကြ ၏။ Judson Bible ဣသရေလအမျိုးသားမှူးမတ်တို့ကို အပြစ်ပေးတော်မမူ။ သူတို့သည် ဘုရားသခင်ကိုမြင်ရသော်လည်း၊ စားသောက်လျက်နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အစ္စရေးအမျိုးသားခေါင်းဆောင်တို့ကို ဒဏ်ခတ်တော်မမူ။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုဖူးမြင်ကြ၏။ စားလျက်၊ သောက်လျက်နေကြ၏။ |
ထိုအခါဟာဂရက``ငါသည်ထာဝရ ဘုရားကိုအကယ်ပင်ဖူးမြင်ရပြီးနောက် အသက်ရှင်သေးပါတကား'' ဟုဆိုပြီး လျှင်သူ့အားထိုသို့မိန့်ကြားတော်မူသော ထာဝရဘုရားကို``မြင်တော်မူသောဘုရား'' ဟူသောနာမည်ဖြင့်ခေါ်ဝေါ်လေ၏။-
သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
ထိုနောက်ယေဇဗေလသည်စာများကိုရေး ပြီးလျှင် အာဟပ်အမည်ဖြင့်လက်မှတ်ရေးထိုး ကာ ဘုရင့်တံဆိပ်ခပ်နှိပ်၍ယေဇရေလမြို့ ရှိမြို့မိမြို့ဖများနှင့်မှူးမတ်များထံသို့ ပေးပို့လိုက်လေသည်။-
တပ်မတော်အရာရှိများ၊ မြို့မိမြို့ဖများ၊ မှူးမတ်များနှင့် အခြားပြည်သူအပေါင်းတို့ သည်ယောယဒနှင့်အတူလိုက်ပါ၍ မင်းကြီး အားဗိမာန်တော်မှနန်းတော်သို့တံခါး မကြီးလမ်းဖြင့်ပို့ဆောင်၍မင်းကြီးကို ရာဇပလ္လင်ထက်တင်ကြ၏။-
အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။-
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရှေ့နောက်တွင် စောင့်ကြပ်လျက်နေတော်မူပါ၏။ တန်ခိုးတော်ဖြင့်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ထိန်းတော်မူပါ၏။
ထိုနောက်ယေသရောသည်ထာဝရဘုရား အားပူဇော်ရန် မီးရှို့ရာယဇ်နှင့်အခြားပူ ဇော်ရာယဇ်များကိုဆောင်ခဲ့၏။ အာရုန်နှင့် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့သည်ယေသရောနှင့်အတူ ထာဝရဘုရား ၏ရှေ့တော်၌အစားအစာသုံးဆောင်ရန် လာကြ၏။
ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။-
ထာဝရဘုရားကမောရှေအား``သင်သည် အာရုန်၊ နာဒပ်၊ အဘိဟုနှင့်ဣသရေလ အမျိုးသားခေါင်းဆောင်ခုနစ်ဆယ်တို့ကို ခေါ်ဆောင်၍ ထာဝရဘုရားထံတော်၊ တောင် ပေါ်သို့တက်လာလော့။ သင်တို့သည်ခပ်လှမ်း လှမ်းနေရာမှငါ့အားပျပ်ဝပ်ကိုးကွယ် ကြလော့။-
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
အကျွန်ုပ်သည်သခင်၏ရှေ့တွင်ရပ်နေသော ကျွန်နှင့်တူပါ၏။ အဘယ်သို့လျှင်အရှင်နှင့် စကားပြောနိုင်ပါမည်နည်း။ အကျွန်ုပ်မှာ အားအင်မရှိ၊ ထွက်သက်ဝင်သက်လည်း မရှိတော့ပါ'' ဟုလျှောက်ထား၏။
သို့ဖြစ်၍ငါသည်သူနှင့်မျက်နှာချင်းဆိုင်၍ ရှင်းလင်းပြတ်သားစွာစကားပြောဆို၏။ စကားဝှက်ဖြင့်ပြောဆိုလေ့မရှိ။ သူသည် ငါ၏ပုံသဏ္ဌာန်တော်ကိုပင်ဖူးတွေ့ခဲ့ရ၏။ သင်တို့သည်ငါ၏အစေခံမောရှေကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုဝံ့ သနည်း'' ဟုမိန့်တော်မူ၏။
မင်းညီမင်းသားနှင့်ခေါင်းဆောင်တို့တူးဖော် သော ရေတွင်း၊ရာဇလှံတံနှင့်တောင်ဝှေးများဖြင့် တူးဖော်သောရေတွင်းပေတည်း'' ဟူ၍ဖြစ် သည်။ သူတို့သည်ထိုတောကန္တာရမှမတ္တနာစခန်း သို့လည်းကောင်း၊-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
မီးထဲမှဘုရားမိန့်တော်မူသံကိုသင်တို့ ကြားသကဲ့သို့သူတို့ကြား၍ အသက်ချမ်း သာရခဲ့ဖူးသောအခြားလူမျိုးရှိပါ သလော။-
မာနော်ကမိမိ၏ဇနီးအား``ငါတို့ဘုရားသခင်ကိုဖူးမြင်ရကြပြီဖြစ်၍အမှန် ပင်သေရကြပေတော့အံ့'' ဟုဆို၏။
ထိုနောက်သစ္စာရှိသူတို့သည်မိမိတို့၏ ခေါင်းဆောင်များထံသို့လာကြ၏။ ထာဝရဘုရား၏လူမျိုးတော်သည်စစ်ပွဲဝင်ရန် အသင့်ပြင်လျက်သူ့ထံသို့လာကြ၏။