``သင်တို့သည်ငါ၏ဂုဏ်တော်ကိုချီးကူးရန် ပွဲကိုတစ်နှစ်လျှင်သုံးကြိမ်ကျင်းပရမည်။-
တစ် နှစ် လျှင် သုံး ကြိမ် ငါ့ ရှေ့ ပူ ဇော် ပွဲ ကျင်း ပ ကြ ရ မည်။
တစ်နှစ်တွင်သုံးကြိမ် ငါ့အဖို့ပွဲခံရမည်။ ငါမှာထားခဲ့ပြီးသည်အတိုင်း၊ အဗိဗလ ချိန်းချက်သောနေ့ရက်အချိန်၌ အဇုမပွဲကိုခံ၍၊ ခုနစ်ရက်ပတ်လုံး တဆေးမဲ့သောမုန့်ကို စားရမည်။
သင်သည် တစ်နှစ်လျှင်သုံးကြိမ် ငါ့အဖို့ ပွဲတော်ကျင်းပရမည်။
ရှောလမုန်သည်ထာဝရဘုရားအတွက် မိမိ တည်ဆောက်ထားသည့်ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုတစ် နှစ်လျှင်သုံးကြိမ်ပူဇော်လေသည်။ ထာဝရ ဘုရားအားနံ့သာပေါင်းကိုလည်းမီးရှို့ပူ ဇော်တော်မူ၏။ သို့ဖြစ်၍သူသည်ဗိမာန် တော်တည်ဆောက်မှုကိုအပြီးသတ်တော်မူ သတည်း။
သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
နှစ်စဉ်ဤပွဲသုံးကြိမ်ကျင်းပစဉ်တွင်ယောကျာ်း အပေါင်းတို့သည် ထာဝရအရှင်ဘုရားသခင် ၏ထံတော်သို့ချဉ်းကပ်ကိုးကွယ်ရမည်။
``သတ္တုဖြင့်သွန်းသောဘုရားများပြုလုပ်၍ရှိ မခိုးရ။
``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-
သတ္တမဥပုသ်နေ့လွန်သည့်နောက်တစ်နေ့ဖြစ် သောငါးဆယ်မြောက်နေ့၌ ထာဝရဘုရား အားကောက်သစ်ကိုတစ်ဖန်ဆက်သလော့။-
အောက်ဖော်ပြပါပွဲတော်များကိုသတ်မှတ် သောအချိန်အခါများတွင်ကျင်းပရမည် ဖြစ်ကြောင်းကြေညာလော့။
ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းသည့်ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်တွင်စတင် ကျင်းပရမည်။-
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် အဗိဗဟုခေါ်သောလတွင်ညဥ့်အခါ သင်တို့အားအီဂျစ်ပြည်မှကယ်တင်ခဲ့သော ကြောင့် ထိုလတွင်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းရန်ပသခါပွဲတော်ကိုကျင်းပ လော့။-
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။-