ဝတ်ပြု 23:4 - Common Language Bible4 အောက်ဖော်ပြပါပွဲတော်များကိုသတ်မှတ် သောအချိန်အခါများတွင်ကျင်းပရမည် ဖြစ်ကြောင်းကြေညာလော့။ အခန်းကိုကြည့်ပါ။Garrad Bible4 ထာ ဝ ရ ဘု ရား ချိန်း ချက် တော် မူ သည့် အ လျောက် အ ခါ သ မ ယ၌ ကြော် ငြာ ရ သော ဓမ္မ အ စည်း အ ဝေး များ ဟူ မူ ကား၊ အခန်းကိုကြည့်ပါ။Judson Bible4 အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ပွဲတော်များဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အချိန်တန်သောအခါ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကား ဤသို့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
(ဤဘာသာရေးပွဲတော်များတွင် ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရန် သင်တို့သည်စုဝေးဝတ်ပြုကိုးကွယ်ခြင်း နှင့်မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော် သကာ၊ ယဇ်ပူဇော်ခြင်းစပျစ်ရည်ပူဇော် သကာများကိုသတ်မှတ်သောနေ့ရက်အလိုက် ပူဇော်ခြင်းကိုပြုလုပ်ရကြမည်။-
သို့ဖြစ်၍သူတို့က``ပညတ်ကျမ်းတွင်ဖော်ပြ ပါရှိသည့် ညွှန်ကြားချက်များအတိုင်းတောင် များသို့သွား၍သံလွင်ခက်၊ ထင်းရှူးခက်၊ မုရ တုခက်၊ စွန်ပလွံခက်နှင့်အခြားသစ်ခက် များကိုခုတ်ယူ၍တဲထိုးကြရမည်'' ဟု ယေရုရှလင်မြို့နှင့်တကွအခြားမြို့ရွာ ရှိသမျှတို့ကိုညွှန်ကြားချက်ပေးပို့ကြ လေသည်။
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။