၁ ရာ 1:3 - Common Language Bible3 ဧလကာနသည်အနန္တတန်ခိုးရှင်ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရန် ရာမမြို့မှ ရှိလောမြို့သို့နှစ်စဉ်နှစ်တိုင်းသွားရောက်၏။ ထိုမြို့တွင်ဧလိ၏သားများဖြစ်ကြသော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရ ဘုရား၏ယဇ်ပုရောဟိတ်များအဖြစ်ဖြင့် ဆောင်ရွက်လျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ဧ လ ကာ န သည် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ကို ရှိ လော မြို့ တွင် ရှိ ခိုး မှု ပြု ရန်လည်း ကောင်း၊ ပူ ဇော် ရန် လည်း ကောင်း၊ နှစ် စဉ် မ ပြတ် နေ ထိုင် သော မြို့ မှ သွား လေ့ ရှိ၏။ ရှိ လော မြို့၌ ဧ လိ သား၊ ဟော ဖ နိ နှင့် ဖိ န ဟတ် နှစ် ပါး တို့ သည် ထာ ဝ ရ ဘု ရား ရှေ့ တော် မှာ ပ ရော ဟိတ် အ ဖြစ် ဖြင့် ရှိ နေ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကိုကိုးကွယ်၍ ယဇ်ပူဇော်ခြင်းငှာ၊ မိမိနေရာမြို့မှ ရှိလောမြို့သို့ နှစ်တိုင်းသွားမြဲရှိ၏။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ် ဧလိ၏သားဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရန်နှင့် ယဇ်ပူဇော်ရန်အတွက် မိမိနေထိုင်ရာမြို့မှ ရှိလောမြို့သို့ နှစ်စဉ်သွားလေ့ရှိ၏။ ထိုမြို့တွင် ဧလိ၏သားနှစ်ယောက်ဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''
အခါတစ်ပါး၌သူတို့သည်ရှိလောမြို့ရှိထာဝရ ဘုရား၏အိမ်တော်တွင် အစားအစာစားသောက် ကြပြီးသောအခါ ဟန္နသည်စိတ်မချမ်းမသာ ဖြစ်လျက်ထ၍ပြင်းပြစွာငိုယိုကာ ထာဝရ ဘုရား၏ထံတော်သို့ဆုတောင်းပတ္ထနာပြု လေ၏။ (ထိုအခါဧလိသည်တံခါးအနီး မိမိထိုင်နေကျနေရာတွင်ထိုင်လျက်နေ သတည်း။-)