အခြားဘုရားများအားဆည်းကပ်ကိုးကွယ် ကြသော သူတို့သည်များစွာဆင်းရဲဒုက္ခရောက်ကြရ လိမ့်မည်။ ငါသည်သူတို့၏ယဇ်ပူဇော်မှုများတွင် ပါဝင်လိမ့်မည်မဟုတ်။ သူတို့၏ဘုရားများကိုလည်းကိုးကွယ် ဆည်းကပ် လိမ့်မည်မဟုတ်။
ထွက်မြောက် 23:13 - Common Language Bible ``သင်တို့အားငါမှာကြားသမျှကိုနားထောင် လော့။ အခြားသောဘုရားတို့ထံဆုမပန်နှင့်။ ထိုဘုရားတို့၏နာမကိုမျှမမြွက်ဆို ကြနှင့်။ Garrad Bible ငါ မိန့် ဆို သ မျှ ကို သ တိ ပြု ကြ လော့။ အ ခြား သော ဘု ရား တို့ နာ မ ကို သ တိ မ မူ နှင့်။ နှုတ် ဖြင့် မျှ မ ပြော မ ကြား နှင့်။ Judson Bible ငါပညတ်သမျှတို့၌ သတိပြုကြလော့။ အခြားသောဘုရား၏နာမကို မမြွက်မဆိုနှင့်။ သင်၏နှုတ်ထဲကမြွက်သံကို သူတစ်ပါးမကြားစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါမိန့်ဆိုထားသောအရာရှိသမျှတို့ကို အလေးထားရမည်။ အခြားဘုရားများ၏နာမကို မမြွက်ဆိုရ။ သင့်နှုတ်မှမြွက်ဆိုသည်ကို မကြားရစေနှင့်။ |
အခြားဘုရားများအားဆည်းကပ်ကိုးကွယ် ကြသော သူတို့သည်များစွာဆင်းရဲဒုက္ခရောက်ကြရ လိမ့်မည်။ ငါသည်သူတို့၏ယဇ်ပူဇော်မှုများတွင် ပါဝင်လိမ့်မည်မဟုတ်။ သူတို့၏ဘုရားများကိုလည်းကိုးကွယ် ဆည်းကပ် လိမ့်မည်မဟုတ်။
``ငါပြုသည့်အမှုအတွက်ငါသတိထားမည်။ နှုတ်ဖြင့်မျှမပြစ်မှားမိစေရန်ငါသည်သတိ ပြုမည်။ ဆိုးညစ်သူတို့အနီး၌ရှိစဉ်ငါသည်အဘယ် စကားကိုမျှမပြောဘဲနေမည်'' ဟုငါဆို၏။
သင်တို့သည်သူတို့၏ဘုရားများကိုဦး မချဝတ်မပြုရ။ သူတို့၏ဘာသာဋ္ဌလေ့ အတိုင်းမကျင့်ရ။ သူတို့၏ဘုရားများကို ဖြိုဖျက်၍သူတို့ကိုးကွယ်သောကျောက်တိုင် များကိုချိုးဖျက်ရမည်။-
သူတို့နှင့်လည်းကောင်း၊ သူတို့ဘုရားများနှင့် သော်လည်းကောင်း သင်တို့သည်မည်သည့်ပဋိ ညာဉ်ကိုမျှမပြုလုပ်ရ။-
(အချင်းလူတို့၊ ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင် ကိုမဖန်ဆင်းသည့်ဘုရားများသည်မိုးကောင်း ကင်အောက်မှလည်းကောင်း၊ ကမ္ဘာမြေကြီးပေါ်မှ လည်းကောင်းကွယ်ပျောက်မည်ဖြစ်ကြောင်းထို သူတို့အားပြောကြားရကြမည်။)
သူသည်ဗာလဟူသောအမည်ကိုသူ၏နှုတ် မှဖယ်ရှားမည်၊ နောက်တစ်ဖန်မခေါ်စေရ။-
ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-
နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
(ဤသူတို့ဆိတ်ကွယ်ရာတွင်ပြုကျင့်သည့် အမှုများကိုဖော်ပြရန်ပင်အလွန်ရှက်စရာ ကောင်း၏။-)
သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။-
သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။-
``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
``သင်တို့အားသွန်သင်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးအပ်တော်မူသော ပညတ်တော်များသည်ကား ဤသို့တည်း။ သင် တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင် ဤပညတ် တော်များကိုလိုက်နာစောင့်ထိန်းကြလော့။-
သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။
ဘုရားသခင်၏ကျေးဇူးတော်ကိုအဘယ် သူမျှမငြင်းမပယ်စေနှင့်။ မြစ်ခါးပင်သည် မိမိ၏အဆိပ်ဖြင့်လူအများအားဒုက္ခ ပေးတတ်၏။ အဘယ်သူမျှထိုအပင်ကဲ့ သို့မဖြစ်စေနှင့်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်ကြလော့။ ကိုယ်တော်၏ပညတ်တော်များ ကိုစောင့်ထိန်းလော့။ အလိုတော်အတိုင်းကျင့် ၍ကိုယ်တော်၏သစ္စာကိုစောင့်ကြလော့။ အမှု တော်ကိုကိုယ်စွမ်း၊ စိတ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ကြလော့ဟူ၍ မောရှေမိန့်မှာခဲ့ သည့်အတိုင်းလိုက်နာရန်သတိပြုကြ လော့'' ဟုမှာကြားလေ၏။-
သို့ဖြစ်၍သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်မြတ်နိုးရန်သတိမူကြ လော့။-
သင်တို့တွင်ကျန်ရှိနေသေးသောလူမျိုးများ နှင့်ပေါင်းဖော်ဆက်ဆံခြင်းမပြုမိစေရန် သော်လည်းကောင်း၊ သူတို့ဘုရားများ၏အ မည်နာမများကိုထုတ်ဖော်ပြောဆိုခြင်း၊ ထို ဘုရားများကိုတိုင်တည်၍ကျိန်ဆိုခြင်း၊ ဦး ချဝတ်ပြုခြင်းတို့ကိုမပြုမိစေရန်သော် လည်းကောင်းသတိပြုရမည်။-