ယေရုရှလင်မြို့တွင်နေထိုင်သူတုရုမြို့ သားအချို့တို့သည်ငါးနှင့်အခြားပစ္စည်း အမျိုးမျိုးကို ငါတို့အမျိုးသားများအား ဥပုသ်နေ့တွင်ရောင်းချရန်ယူဆောင်လာ ကြ၏။-
ထွက်မြောက် 23:12 - Common Language Bible ``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်ကို လုပ်၍ သတ္တမနေ့တွင်နားနေရမည်။ ထိုသို့ပြု လျှင် သင်၏ကျွန်များ၊ သင်ခိုင်းစေသောအခြား အမျိုးသားများနှင့်တိရစ္ဆာန်များသည် အလုပ် မှနားခွင့်ရကြလိမ့်မည်။ Garrad Bible ခြောက် ရက် အ တွင်း အ လုပ် လုပ် ၍ သ တ္တ မ နေ့ ၌ သင် တို့ နွား မြည်း များ နား နေ ခွင့် ရ လျက်၊ ငယ် သား များ၊ ဝင် နေ သူ များ လည်း သက် သာ ရ ကြ စေ ရန် ငြိမ် ဝပ် စွာ နေ ကြ လော့။ Judson Bible ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ခြောက်ရက်ပတ်လုံး သင်၏အလုပ်တို့ကိုလုပ်၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာနေရမည်။ သို့ပြုလျှင် သင်၏နွား၊ မြည်းတို့သည် နားရ၍ သင့်ကျွန်မ၏သားနှင့်တိုင်းတစ်ပါးသားတို့သည်လည်း အနားယူခွင့်ရကြလိမ့်မည်။ |
ယေရုရှလင်မြို့တွင်နေထိုင်သူတုရုမြို့ သားအချို့တို့သည်ငါးနှင့်အခြားပစ္စည်း အမျိုးမျိုးကို ငါတို့အမျိုးသားများအား ဥပုသ်နေ့တွင်ရောင်းချရန်ယူဆောင်လာ ကြ၏။-
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
သို့ရာတွင်သတ္တမနှစ်၌ထွန်ယက်စိုက်ပျိုးခြင်း မပြုဘဲ မြေကိုအလွတ်ထား၍ထိုမြေပေါ် တွင်ပေါက်သမျှသီးနှံကိုမရိတ်သိမ်းရ။ ဆင်းရဲ သူတို့အားထိုမြေမှထွက်သောသီးနှံကိုစား စေ၍ ကြွင်းကျန်သမျှကိုတောတိရစ္ဆာန်များ အတွက်ဖြစ်စေရမည်။ သင်တို့၏စပျစ်ခြံ၊ သံလွင်ခြံတို့ကိုလည်းထိုနည်းအတိုင်း ပြုလုပ်ရမည်။
``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
သင်တို့သည်ရက်သတ္တတစ်ပတ်တွင်ခြောက်ရက် အလုပ်လုပ်နိုင်၏။ သို့ရာတွင်သတ္တမနေ့သည်၊ ငါထာဝရဘုရားအတွက်ဆက်ကပ်သော၊ ထူးမြတ်သည့်နားရက်ဖြစ်ရမည်။ ထို့နေ့တွင် အလုပ်လုပ်သောသူကိုသေဒဏ်စီရင်ရ မည်။-
သူတို့က``အကယ်၍ထာဝရဘုရားသည် ငါတို့ကိုအဘယ်အခါ၌မျှမြင်တော်မ မူလျှင် ငါတို့အဘယ်ကြောင့်အစာရှောင် ကြပါတော့မည်နည်း။ ကိုယ်တော်သည်ငါတို့ နှိမ့်ချသည်ကိုမြင်တော်မမူလျှင် အဘယ် ကြောင့်ငါတို့ဒုက္ခခံကြပါမည်နည်း'' ဟု ဆိုကြ၏။ ထာဝရဘုရားကသူတို့အား``အဖြစ်မှန် မှာသင်တို့သည်အစာရှောင်လျက်နေစဉ်၌ ပင်ကိုယ်ကျိုးရှာလျက် မိမိတို့ငယ်သား များကိုလည်းနှိပ်စက်ညှင်းဆဲကြ၏။-
သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။-
ထိုနောက်ကိုယ်တော်က ``လူ၏အကျိုးငှာဥပုသ် နေ့ကိုပြဋ္ဌာန်းထား၏။ ဥပုသ်နေ့၏အကျိုးငှာ လူကိုဖန်ဆင်းထားသည်မဟုတ်။-
ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။