ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းသက်တော်မူ၍ သိနာတောင်တွင်ကိုယ်တော်၏လူမျိုးတော်အား မိန့်မြွက်တော်မူပါ၏။ သူတို့အားမွန်မြတ်သည့်ပညတ်တော်များနှင့် မှန်ကန်သောသြဝါဒများကိုပေးတော်မူ ပါ၏။
ထွက်မြောက် 20:1 - Common Language Bible ဘုရားသခင်က``ငါသည်သင်တို့အားကျွန် ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။ Garrad Bible ထို နောက် ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ Judson Bible ထိုအခါ ဘုရားသခင်မိန့်တော်မူသော စကားများဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်မိန့်တော်မူသောစကားအလုံးစုံကား ဤသို့တည်း။ |
ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းသက်တော်မူ၍ သိနာတောင်တွင်ကိုယ်တော်၏လူမျိုးတော်အား မိန့်မြွက်တော်မူပါ၏။ သူတို့အားမွန်မြတ်သည့်ပညတ်တော်များနှင့် မှန်ကန်သောသြဝါဒများကိုပေးတော်မူ ပါ၏။
ထိုအခါမောရှေသည်တောင်အောက်သို့ဆင်း ၍ ထာဝရဘုရားမိန့်မှာသမျှကိုလူတို့ အားပြောကြားလေ၏။
သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။
ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသည့်ပညတ်တော်ကိုရရှိသော်လည်း ထိုပညတ်တော်ကိုမလိုက်နာကြပါတကား'' ဟုသတေဖန်မြွက်ဆို၏။
ထို့နောက်ထာဝရဘုရားသည် သင်တို့တောင် ခြေတွင်စုရုံးသောနေ့က မီးထဲမှသင်တို့အား မိန့်တော်မူသောပညတ်တော်ဆယ်ပါးကို ယခင် ကျောက်ပြားများပေါ်တွင်ရေးသားတော်မူ သည်အတိုင်း ထိုကျောက်ပြားများပေါ်တွင် ရေးသားတော်မူ၏။ ထာဝရဘုရားသည် ထို ကျောက်ပြားများကိုငါ့အားပေးတော်မူ၏။-
မီးထဲမှဘုရားမိန့်တော်မူသံကိုသင်တို့ ကြားသကဲ့သို့သူတို့ကြား၍ အသက်ချမ်း သာရခဲ့ဖူးသောအခြားလူမျိုးရှိပါ သလော။-
ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
``ထာဝရဘုရားသည်တောင်အနီးသို့စုရုံး လာသောသင်တို့အပေါင်းအား ဤပညတ်တော် များကိုပြဋ္ဌာန်းပေးတော်မူ၏။ ထာဝရဘုရား သည်မီးနှင့်မှောင်မည်းသောမိုးတိမ်ထဲမှကျယ် သောအသံတော်ဖြင့် ဤပညတ်တော်များကိုမိန့် မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထို့ နောက်ထာဝရဘုရားသည်ပညတ်တော်များ ကိုကျောက်ပြားနှစ်ချပ်ပေါ်တွင်ရေး၍ငါ့ အားပေးအပ်တော်မူသည်။''
ထာဝရဘုရားသည်တောင်ပေါ်တွင်မီးထဲ မှ သင်တို့နှင့်မျက်နှာချင်းဆိုင်၍မိန့်မြွက် တော်မူသည်။-
``ထာဝရဘုရားက၊`ငါသည်သင်တို့ကို ကျွန်ခံရာအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။'