သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
ထွက်မြောက် 2:23 - Common Language Bible ကာလအတန်ကြာသော် အီဂျစ်ပြည်ဘုရင် အနိစ္စရောက်လေ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် ကျွန်ခံရသောဒဏ်ကြောင့် ညည်းညူလျက်ရှိရကြသေး၏။ ကျွန်ခံရ သောဘဝမှလွတ်မြောက်ရေးအတွက် သူတို့ အော်ဟစ်တောင်းလျှောက်သောအသံသည် ဘုရားသခင်ထံတော်သို့ရောက်လေ၏။- Garrad Bible ကာ လ အ တန် ကြာ သော် အိ ဂျစ် ဘု ရင် ကွယ် လွန် သ တည်း။ ဣ သ ရေ လ အ မျိုး သား တို့ လည်း ကျွန် ခံ ရ သော အ ဖြစ် ကြောင့် ညည်း တွား အော် ဟစ် ကြ ကုန်၏။ ထို အ ဖြစ် ကြောင့် ဟစ် ကြ သော အ သံ သည် ဘု ရား သ ခင့် အ ထံ တော် သို့ တက် ရောက် ၍၊ Judson Bible ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့အစေကျွန်ခံ၍ ငိုကြွေးသောအသံသည် ဘုရားသခင်ထံတော်သို့ တက်ရောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကာလအတန်ကြာပြီးနောက် အီဂျစ်ဘုရင်သည်လည်း အနိစ္စရောက်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း ကျွန်ပြုခံရသောကြောင့် ညည်းတွား၍ အော်ဟစ်ကြ၏။ ထိုသို့ ကျွန်ပြုခံရသောကြောင့် အော်ဟစ်သောသူတို့၏အသံသည် ဘုရားသခင်အထံတော်သို့ ရောက်လေ၏။ |
သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
``အကျွန်ုပ်တို့ဘိုးဘေးများသည်အီဂျစ် ပြည်တွင် ဆင်းရဲဒုက္ခရောက်ကြရသည်ကိုကိုယ်တော် မြင်တော်မူပါ၏။ ပင်လယ်နီတွင်ထိုသူတို့အော်ဟစ်၍အကူအညီ တောင်းခံသံကိုကြားတော်မူပါ၏။
များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက် သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုးအော်ဟစ်သံကို ကြားတော်မူပါ။
ကျွန်တော်မျိုးဒုက္ခရောက်ချိန်၌မျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးခေါ်သောအခါနားထောင်တော်မူ၍ လျင်မြန်စွာထူးတော်မူပါ။
ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
မောရှေသည်မိဒျန်ပြည်၌ရှိစဉ်၊ ထာဝရ ဘုရားသည် သူ့အား``အီဂျစ်ပြည်သို့ပြန် လော့။ သင့်ကိုသတ်လိုသူအပေါင်းတို့သည် အနိစ္စရောက်ကြကုန်ပြီ'' ဟုမိန့်တော်မူ၏။-
ယခုငါသည်အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံရသောဣသရေလအမျိုးသားတို့၏ ညည်းညူသံကို ကြားရသဖြင့်ငါ၏ပဋိညာဉ် ကိုသတိရပြီ။-
မောရှေသည်ထိုအမိန့်တော်ကိုဣသရေလ အမျိုးသားတို့အားပြန်ကြားသော်လည်း သူ တို့သည်ကျွန်ခံရသောဒဏ်ကြောင့်အလွန်ပင် ပန်းနေကြသဖြင့်နားထောင်လက်ခံနိုင်စွမ်း မရှိကြချေ။
ဘုရင်ထံသို့ဝင်၍လျှောက်ထားချိန်၌မောရှေ သည် အသက်ရှစ်ဆယ်၊ အာရုန်သည်အသက်ရှစ် ဆယ်သုံးနှစ်ရှိကြသတည်း။
ထိုအရာတို့သည်အီဂျစ်ပြည်တွင် အနန္တတန်ခိုး ရှင်ထာဝရဘုရားရှိတော်မူကြောင်းသက်သေ ခံအမှတ်လက္ခဏာများဖြစ်လိမ့်မည်။ ပြည်သူတို့ သည်ဖိနှိပ်ချုပ်ချယ်ခြင်းကိုခံရ၍ ထာဝရ ဘုရားထံတော်သို့ကူမတော်မူရန်ဟစ်အော် ကြသောအခါ ကိုယ်တော်သည်သူတို့အား ကယ်တင်မည့်သူတစ်ဦးကိုစေလွှတ်တော် မူလိမ့်မည်။-
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
``အနှစ်လေးဆယ်ကြာသောအခါ သိနာတောင် အနီးတောကန္တာရတွင်မီးလျှံတောက်လျက်နေ သည့်ချုံထဲမှ ကောင်းကင်တမန်တစ်ပါးသည် မောရှေအားကိုယ်ထင်ပြလေသည်။-
နေ့စဉ်နေမဝင်မီသူ့အားနေ့တွက်ခကိုပေး ရမည်။ သူသည်ဆင်းရဲသဖြင့်ထိုငွေကိုရ လို၏။ သင်သည်အခငွေကိုမပေးလျှင် သူ သည်ထာဝရဘုရားထံလျှောက်ထားသဖြင့် သင်သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။
သင်တို့အသီးအနှံများကိုရိတ်သိမ်းပေး သူတို့၏လုပ်အားခများကိုမပေးကြ။ သူ တို့၏တိုင်တန်းခြင်းကိုနားထောင်ကြလော့။ သူ တို့ကျယ်စွာဟစ်အော်တောင်းခံသံကိုအနန္တ တန်ခိုးရှင်ထာဝရဘုရားသခင်ကြားတော် မူလေပြီ။-
ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။
ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-
``နက်ဖြန်ဤအချိန်လောက်၌ဗင်္ယာမိန်အနွယ် ဝင်လူတစ်ယောက်ကို သင့်ထံသို့ငါစေလွှတ် လိုက်မည်။ သူ့အားဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ်ဘိသိက်ပေးလော့။ သူသည် ငါ၏လူမျိုးတော်ကိုဖိလိတ္တိအမျိုးသား တို့၏ဘေးမှကာကွယ်စောင့်ရှောက်လိမ့်မည်။ ငါသည်မိမိလူမျိုးတော်၏ဆင်းရဲဒုက္ခကို မြင်ရပြီ။ သူတို့ဟစ်အော်၍အကူအညီ တောင်းခံသံများကိုလည်းကြားရပြီ'' ဟု မိန့်တော်မူ၏။