ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
ထွက်မြောက် 19:3 - Common Language Bible မောရှေသည်ဘုရားသခင်ကိုဖူးတွေ့ရန် တောင်ပေါ်သို့တက်လေ၏။ တောင်ပေါ်တွင်ထာဝရဘုရားသည်မောရှေ ကိုခေါ်၍၊ ယာကုပ်၏အဆက်အနွယ်ဣသ ရေလအမျိုးသားတို့အားဆင့်ဆိုခိုင်း သည်ကား၊- Garrad Bible ဘု ရား သ ခင့် အ ထံ တော် သို့ မော ရှေ တက် သွား ရာ ထာ ဝ ရ ဘု ရား သည် တောင် ပေါ် က ခေါ် တော် မူ၍ ယာ ကုပ် အ မျိုး သား ချင်း ဣ သ ရေ လ လူ တို့ အား သင် ဆင့် ဆို ကြား ပြော ရ မည် မှာ၊ Judson Bible မောရှေသည် ဘုရားသခင့်ထံတော်သို့တက်သွားလျှင်၊ ထာဝရဘုရားသည် တောင်ပေါ်ကခေါ်တော်မူ၍၊ သင်သည် ယာကုပ်အမျိုး၊ ဣသရေလသားတို့အား ပြန်ပြောရသောအမိန့်တော်ဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဘုရားသခင်ထံသို့တက်သွားရာ ထာဝရဘုရားသည် သူ့အား တောင်ပေါ်မှ ခေါ်တော်မူလျက် “သင်သည် ယာကုပ်အမျိုးအနွယ်၊ အစ္စရေးအမျိုးသားတို့အား |
ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။-
သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
ထာဝရဘုရားကမောရှေအား``ငါရှိရာ တောင်ပေါ်သို့တက်လာလော့။ လူတို့ကိုသွန် သင်ရန်အတွက် ငါရေးထားသောပညတ်အား လုံးပါရှိသည့်ကျောက်ပြားနှစ်ပြားကိုသင့် အားငါအပ်ပေးမည်'' ဟုမိန့်တော်မူ၏။-
ထို့ကြောင့်မောရှေသည်မိမိ၏လက်ထောက် ယောရှုနှင့်အတူ အသင့်ပြင်၍တောင်တော် ပေါ်သို့တက်သွားလေသည်။-
ဘုရားသခင်က``ငါသည်သင်နှင့်အတူရှိ မည်။ ငါသည်သင့်အားစေလွှတ်ကြောင်းသက် သေအထောက်အထားမှာ၊ သင်သည်ထိုသူ တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာသည့် အခါ သင်တို့အပေါင်းသည်ဤတောင်ပေါ် တွင်ငါဘုရားအားဝတ်ပြုကိုးကွယ်ရကြ မည်ဖြစ်သည်'' ဟုမိန့်တော်မူ၏။
မောရှေအနီးသို့ချဉ်းကပ်လာသည်ကိုမြင် တော်မူလျှင်၊ ထာဝရဘုရားသည်ချုံအလယ် မှ``မောရှေ၊ မောရှေ'' ဟူ၍ခေါ်တော်မူ၏။ ထိုအခါမောရှေက``အကျွန်ုပ်ရှိပါ၏ အရှင်ဘုရား'' ဟုလျှောက်လေ၏။
နက်ဖြန်နံနက်တွင်ငါနှင့်တွေ့ဆုံရန် သိနာတောင်ထိပ်ပေါ်သို့တက်လာလော့။-
ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။
ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။