ထွက်မြောက် 19:20 - Common Language Bible20 ထာဝရဘုရားသည်သိနာတောင်ထိပ်ပေါ် သို့ကြွဆင်းလာ၍ မောရှေအားတောင်ထိပ် ပေါ်သို့ခေါ်တော်မူလျှင်မောရှေတက်သွား လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 ထာ ဝ ရ ဘု ရား သည် သိ နာ တောင် ထိပ် သို့ ဆင်း သက် ၍ မော ရှေ ကို တောင် ပေါ် သို့ ခေါ် တော် မူ သည့် အ တိုင်း မော ရှေ တက် လေ သော်၊ အခန်းကိုကြည့်ပါ။Judson Bible20 ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ခေါ်တော်မူလျှင်၊ မောရှေသည်တက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထာဝရဘုရားသည် သိနာတောင်ထိပ်သို့ ကြွဆင်းတော်မူပြီး မောရှေအား တောင်ထိပ်သို့တက်ရန် ခေါ်တော်မူသဖြင့် မောရှေသည် တက်သွားလေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သိနာတောင်ပေါ်မှ ကြွလာတော်မူ၏။ ကိုယ်တော်သည်နေမင်းသဖွယ်ဧဒုံပြည်ပေါ်သို့ ထွက်ပေါ်လာပြီးလျှင်၊ ပါရန်တောင်ထိပ်ပေါ်မှမိမိလူမျိုးတော်ပေါ်သို့ ထွန်းတောက်တော်မူ၏။ ကိုယ်တော်၏လက်ယာတော်ဘက်တွင် ထောင်သောင်းမကများစွာသော ကောင်းကင်တမန်တို့သည်လိုက်ပါလျက် မီးလျှံတောက်နေ၏။
ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-