သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
ထွက်မြောက် 19:23 - Common Language Bible ထိုအခါမောရှေက ထာဝရဘုရားအား``ကိုယ် တော်သည်တောင်ကိုသန့်ရှင်းရာဌာနအဖြစ် သတ်မှတ်၍ ပတ်လည်တွင်စည်းတားထားစေ သောကြောင့်လူတို့သည်တောင်ပေါ်သို့မတက် နိုင်ကြပါ'' ဟုလျှောက်ထားလေ၏။ Garrad Bible မော ရှေ က၊ တောင် ကို ဆီး ကာ လျက် သန့် ရှင်း စေ ဟူ၍ မိန့် တော် မူ သည့် အ တိုင်း လူ မျိုး သည် သိ နာ တောင် သို့ မ တက် နိုင် ကြ ပါ ဟု ထာ ဝ ရ ဘု ရား အား ပြန် လျှောက် လျှင်၊ Judson Bible မောရှေကလည်း၊ လူတို့သည် သိနာတောင်သို့မတက်နိုင်ကြပါ။ အကြောင်းမူကား၊ မကျော်ရသောအဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သန့်ရှင်းစေလော့ဟု မှာထားတော်မူပြီဟု ထာဝရဘုရားအားပြန်လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေက ထာဝရဘုရားအား “ကိုယ်တော်က အကျွန်ုပ်တို့အား ‘တောင်ကိုနယ်နိမိတ်စည်းသတ်မှတ်၍ သန့်ရှင်းစေလော့’ဟူ၍ သတိပေးမိန့်မှာခဲ့သောကြောင့် လူတို့သည် သိနာတောင်ပေါ်သို့မတက်နိုင်ကြပါ”ဟု ပြန်လျှောက်လေ၏။ |
သင်သည်တောင်၏ပတ်လည်တွင်လူတို့ကို မကျော်ဖြတ်စေရန်စည်းသတ်မှတ်၍၊ သူတို့ အားတောင်ပေါ်သို့မတက်ရန်နှင့်တောင်အနီး သို့မချဉ်းကပ်ရန်ပညတ်လော့။ တောင်ကို နင်းမိသောသူအားသေဒဏ်ခံစေရမည်။-
ထာဝရဘုရားက``သင်သည်တောင်အောက် သို့ဆင်း၍ အာရုန်ကိုခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်များနှင့်လူတို့ကိုမူကား ငါ့ထံ သို့ဝင်ခြင်းငှာစည်းကိုမဖြတ်ကျော်စေရ။ စည်းကိုဖောက်ဖျက်လျှင်သူတို့ကိုဒဏ်ခတ် မည်'' ဟုမိန့်တော်မူ၏။-