Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 19:22 - Common Language Bible

22 ငါ့​အ​နီး​သို့​ချဉ်း​ကပ်​လာ​သော​ယဇ်​ပု​ရော ဟိတ်​များ​ပင်​လျှင် မိ​မိ​တို့​ကိုယ်​ကို​သန့်​စင် စေ​ရ​မည်။ ထို​သို့​မ​ပြု​လျှင်​ငါ​သည်​သူ​တို့ အား​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ငါ ထာ ဝ ရ ဘု ရား ဒဏ် မ ခတ် ရ စေ ရန် ငါ့ ထံ ချဉ်း ကပ် ခွင့် ရှိ သော ပ ရော ဟိတ် တို့ လည်း ကိုယ် ကို သန့် ရှင်း ကြ စေ ဟု မော ရှေ အား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ ကိုယ်​ကို​ကိုယ်​သန့်​ရှင်း​စေ​ရ​မည်။ သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထာဝရဘုရား​ထံသို့ ချဉ်းကပ်​သော​ယဇ်ပုရောဟိတ်​တို့​သည်​လည်း မိမိကိုယ်မိမိ သန့်ရှင်း​စေ​ရ​မည်​။ သို့မဟုတ်လျှင် ထာဝရဘုရား​သည် သူ​တို့​ကို​ဒဏ်ခတ်​တော်မူ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 19:22
17 ပူးပေါင်းရင်းမြစ်များ  

ပ​ထ​မ​အ​ကြိမ်​ပင့်​ဆောင်​စဉ်​အ​ခါ​က​သင် တို့​မ​ပါ​မ​ရှိ​ခဲ့​ကြ။ သို့​ဖြစ်​၍​ငါ​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား လျောက်​ပတ်​စွာ​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို မ​ပြု​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ခဲ့​၏'' ဟု​မိန့်​တော် မူ​လေ​သည်။


ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​မ​ပြု ခဲ့​သူ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​သည် လွန်​စွာ​အ​ရှက်​ရ​၍ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ကြ​သ​ဖြင့် ယ​ခု အ​ခါ​ဗိ​မာန်​တော်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​နိုင်​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​တောင်​အောက် သို့​ဆင်း​၍ အာ​ရုန်​ကို​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လူ​တို့​ကို​မူ​ကား ငါ့​ထံ သို့​ဝင်​ခြင်း​ငှာ​စည်း​ကို​မ​ဖြတ်​ကျော်​စေ​ရ။ စည်း​ကို​ဖောက်​ဖျက်​လျှင်​သူ​တို့​ကို​ဒဏ်​ခတ် မည်'' ဟု​မိန့်​တော်​မူ​၏။-


သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​၍၊ ငါ ၏​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​လျှင်​ငါ​ပိုင်​သော လူ​မျိုး​ဖြစ်​ကြ​လိမ့်​မည်။ ဤ​ကမ္ဘာ​မြေ​ကြီး အ​လုံး​စုံ​ကို​ငါ​ပိုင်​တော်​မူ​သည်။ သို့​သော် သင်​တို့​သည်​ငါ​ရွေး​ကောက်​တော်​မူ​သော သူ​များ​ဖြစ်​ရ​ကြ​မည်။-


ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​လူ ငယ်​တို့​ကို​ခိုင်း​စေ​သ​ဖြင့်၊ သူ​တို့​သည်​နွား​များ ကို​သတ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​သော ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော်​လေ​၏။-


သန့်​ရှင်း​မြင့်​မြတ်​သည့်​ခွက်​ဖ​လား​များ​ကို ကိုင်​ဆောင်​လာ​သူ​အ​ပေါင်း​တို့၊ ဗာ​ဗု​လုန်​ပြည်​မှ​ချက်​ချင်း​ထွက်​ခွာ​လာ​ကြ​လော့။ တား​မြစ်​ထား​သည့်​အ​ရာ​များ​ကို​လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ သင်​တို့​ကိုယ်​ကို​သန့်​စွာ​ထား​၍​မြို့​ထဲ​မှ ထွက်​ခွာ​သွား​ကြ​လော့။


သူ​သည်​သန့်​ရှင်း​ရ​မည်။ ငါ​၏​နာ​မ​တော် ကို​မ​ရှုတ်​ချ​ရ။ သူ​သည်​ငါ့​အား​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​သူ​ဖြစ်​၍​သန့်​ရှင်း ရ​မည်။-


ယ​ခု​သင်​သည်​သူ​တို့​အား​ဤ​သို့​မှာ​ကြား လော့။ သူ​တို့​သည်​နက်​ဖြန်​နေ့​အ​တွက်​မိ​မိ တို့​ကိုယ်​ကို​သန့်​စင်​စေ​ရ​မည်။ သူ​တို့​သည် အ​သား​ကို​စား​ရ​လိမ့်​မည်။ သူ​တို့​သည်​အီ​ဂျစ် ပြည်​၌​အ​သား​ကို​စား​ရ​ကြောင်း၊ ယ​ခု​သူ တို့​အ​သား​ကို​စား​လို​၍​ညည်း​ညူ​နေ​ကြောင်း ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​သူ​တို့​စား​ရန်​အ​သား​ကို​ပေး တော်​မူ​မည်​ဖြစ်​၍​သူ​တို့​စား​ရ​လိမ့်​မည်။-


ချက်​ချင်း​ပင်​ထို​အ​မျိုး​သ​မီး​သည် ပေ​တ​ရု ၏​ခြေ​ရင်း​တွင်​လဲ​ကျ​သေ​ဆုံး​လေ​၏။ လူ ငယ်​လူ​ရွယ်​တို့​ရောက်​လာ​ကြ​သော​အ​ခါ ထို​အ​မျိုး​သ​မီး​သေ​ဆုံး​နေ​သည်​ကို​တွေ့ ရ​၏။ ရုပ်​အ​လောင်း​ကို​ထုတ်​ယူ​ပြီး​လျှင် ခင်​ပွန်း​ဖြစ်​သူ​၏​အ​နီး​တွင်​သင်္ဂြိုဟ်​ကြ​၏။-


ထို​စ​ကား​ကို​ကြား​သည်​နှင့်​တစ်​ပြိုင်​နက် အာ​န​နိ​သည်​လဲ​ကျ​သေ​ဆုံး​လေ​သည်။ ဤ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ကြ​သူ အ​ပေါင်း​သည် လွန်​စွာ​ကြောက်​လန့်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ