ထို့ကြောင့်သူက``ငါသည်အနီးသို့ချဉ်းကပ် ၍ ထိုထူးဆန်းသောရူပါရုံကိုကြည့်ဦးမည်'' ဟုအကြံရှိလေ၏။
ထွက်မြောက် 19:21 - Common Language Bible ထာဝရဘုရားကမောရှေအား``သင်သည် တောင်အောက်သို့ဆင်း၍၊ လူတို့ငါ့ကိုဖူး မြင်ရန်သတ်မှတ်ထားသောစည်းကိုကျော် ဖြတ်၍မလာရန်သတိပေးလော့။ ဖြတ် ကျော်လျှင်လူအများသေကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား က၊ လူ မျိုး သည် ဖူး မြင် လို သ ဖြင့် ငါ ထာ ဝ ရ ဘု ရား ထံ ကျော် ဝင် မိ သည့် အ တွက် အ များ တို့ မ ပျက် စီး ကြ စေ ရန် ဆင်း၍ သ တိ ပေး လော့။ Judson Bible ထာဝရဘုရားကလည်း၊ လူတို့သည်ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည်သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍သတိပေးလော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက မောရှေအား “သင်သည် ဆင်းသွား၍ လူတို့ကိုသတိပေးလော့။ သို့မဟုတ်လျှင် သူတို့သည် ထာဝရဘုရားကို ဖူးမြင်ရန် စည်းကိုကျော်ဝင်ကြသဖြင့် များစွာသောသူတို့သည် သေကျေပျက်စီးကြလိမ့်မည်။ |
ထို့ကြောင့်သူက``ငါသည်အနီးသို့ချဉ်းကပ် ၍ ထိုထူးဆန်းသောရူပါရုံကိုကြည့်ဦးမည်'' ဟုအကြံရှိလေ၏။
ဘုရားသခင်က``အနီးသို့မချဉ်းကပ်နှင့်။ သင်သည်သန့်ရှင်းသောမြေပေါ်တွင်ရပ်နေ သည်ဖြစ်၍ ခြေနင်းကိုချွတ်လော့။-
ငါ့ကိုမြင်သောသူသည်အသက်မရှင်နိုင် သောကြောင့်၊ သင့်အားငါ၏မျက်နှာကိုဖူး မြင်ခွင့်မပေး။-
ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
``ကောဟတ်၏သားချင်းစုတို့ကိုအလွန်သန့်ရှင်း သောပစ္စည်းများအနီးသို့မချဉ်းကပ်စေနှင့်။ ထို အဖြစ်မျိုးမဆိုက်ရောက်စေရန်အာရုန်နှင့်သူ ၏သားတို့သည်တဲတော်ထဲသို့ဝင်၍လူအသီး သီးဆောင်ရွက်ရမည့်တာဝန်နှင့်ထမ်းရမည့် ဝန်တို့ကိုခန့်ခွဲပေးရမည်။-
ကောဟတ်၏သားချင်းစုတို့သည်တဲတော်ထဲ သို့ဝင်၍သန့်ရှင်းသောပစ္စည်းများကိုခေတ္တ မျှကြည့်မိလျှင်အသက်သေဆုံးရကြ မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်မီးကိုကြောက်ရွံ့သဖြင့်တောင် ပေါ်သို့မတက်ဝံ့သောကြောင့် ငါသည်ထာဝရ ဘုရားနှင့်သင်တို့စပ်ကြားတွင်ရပ်လျက် ထာဝရဘုရား၏အမိန့်တော်ကိုသင်တို့ အားဆင့်ဆိုခဲ့၏။''
ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။