သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင် ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
ထွက်မြောက် 15:24 - Common Language Bible သူတို့သည်မောရှေအား``အကျွန်ုပ်တို့ရေငတ် ၍ သေရပါတော့မည်'' ဟုညည်းညူကြ၏။- Garrad Bible ထို လူ မျိုး သည် မော ရှေ အား ညည်း ညူ လျက် မည် သည် ကို သောက် ရ အံ့ နည်း ဟု ဆို ကြ သော်၊ Judson Bible လူများတို့သည် မောရှေကိုအပြစ်တင်၍မြည်တမ်းလျက်၊ အဘယ်သို့ သောက်ရပါမည်နည်းဟုဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးလူမျိုးတို့က မောရှေအား “အကျွန်ုပ်တို့ ဘာသောက်ရမည်နည်း”ဟု ဆိုလျက် ညည်းညူကြ၏။ |
သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင် ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
သူတို့ကမောရှေအား``အီဂျစ်ပြည်တွင် သင်္ချိုင်း မရှိသောကြောင့် တောကန္တာရထဲ၌သေစေ ရန်အကျွန်ုပ်တို့ကိုခေါ်ဆောင်ခဲ့ပါသလော။ အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့သောကြောင့် ယခုမည်ကဲ့သို့သောအခြေ အနေမျိုးသို့ဆိုက်ရောက်ကာနေသည်ကို ကြည့်ပါလော့။-
``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။
ဤသူတို့အနက်မည်သူမျှထိုပြည်သို့မဝင် ရ။ သူတို့သည်ငါ၏တောက်ပသောဘုန်းအသ ရေတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်နှင့်တော ကန္တာရတွင်ငါပြုခဲ့သောအံ့သြဖွယ်အမှု များကိုလည်းကောင်းတွေ့မြင်ခဲ့ရသော်လည်း သူတို့သည်ငါ့ကိုအကြိမ်ကြိမ်မထီလေးစား ပြု၍ငါ့စကားကိုလည်းနားမထောင်ခဲ့ကြ။-
သင်နှင့်သင်၏နောက်လိုက်အပေါင်းတို့က အာရုန်ကိုအပြစ်တင်ကြခြင်းသည်စင်စစ် အားဖြင့် ထာဝရဘုရားကိုပုန်ကန်ခြင်း ပင်ဖြစ်သည်'' ဟုပြောလေ၏။
နောက်တစ်နေ့တွင်ဣသရေလအမျိုးသား အပေါင်းတို့သည် မောရှေနှင့်အာရုန်တို့အား``သင် တို့သည်ထာဝရဘုရား၏လူမျိုးတော်ဝင် အချို့ကိုသတ်ပစ်ကြပြီ'' ဟုအပြစ်တင်ကြ လေသည်။-
ထာဝရဘုရားက``အာရုန်၏တောင်ဝှေးကို သေတ္တာတော်ရှေ့တွင်ပြန်ထားလော့။ ပုန်ကန် တတ်သောဣသရေလအမျိုးသားတို့ သည်အပြစ်တင်ညည်းညူနေလျှင် အသက် သေဆုံးရမည်ဖြစ်ကြောင်းသတိပေးသည့် အနေဖြင့်အာရုန်၏တောင်ဝှေးကိုထို နေရာ၌ထားရမည်'' ဟုမိန့်တော်မူ ၏။-
ဘုရားသခင်နှင့်မောရှေတို့အားပြစ်တင်ပြော ဆိုကြလေသည်။ သူတို့က``အစာရေစာမရှိ သည့်ဤတောကန္တာရတွင်သေစေရန် အဘယ် ကြောင့် အကျွန်ုပ်တို့ကိုအီဂျစ်ပြည်မှခေါ် ဆောင်လာပါသနည်း။ ဤပေါ့ပျက်သော အစားအစာကိုလည်း အကျွန်ုပ်တို့ငြီး ငွေ့လာပါပြီ'' ဟုညည်းညူကြ၏။-
``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။-
သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။
သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။-
ဤလူစုသည်အစဉ်ညည်းညူလျက်သူတစ် ပါးအား အပြစ်တင်လျက်သာနေတတ်ကြ၏။ မိမိတို့၏ဆိုးညစ်သည့်လိုအင်ဆန္ဒကိုလိုက် ၍ပြုကျင့်တတ်ကြ၏။ မိမိတို့အကြောင်း ကိုကြွားဝါတတ်ကြ၏။ ကိုယ်ကျိုးအတွက် သူတစ်ပါးတို့အား မြှောက်ပင့်ပြောဆိုတတ် ကြ၏။